Posts

နွားအို

Image
“မောနင်း” “မောနင်းချိုလေး ” ကုမ္ပဏီထဲ အဝင်မှာပင် ချိုလေးက လှမ်းနှုတ်ဆက်သဖြင့် ပြန်နှုတ်ဆက်လိုက်၏။ “နေကောင်းသွားပြီလား” “ကောင်းကောင်းတော့မပျောက်သေးဘူးဟ။ လူကတော့နည်းနည်းနုံးနေသေးတယ်”နေမကောင်း၍ ခွင့်ယူထားရာမှ အလုပ်ပြန်တက်သည့် ကျွန်မကို လုပ်ဖော်ကိုင်ဘက် ဖြစ်သည့် ချိုလေးက သတင်းမေးခြင်းဖြစ်သည်။ ကျွန်မ၏ အလုပ်စားပွဲတွင် ပစ္စည်းများ နေရာချနေစဉ် ချိုလေးက အနားရောက်လာကာ အသာလက်ကုတ်သည်။ ဘာလဲ ဆိုသည့်သဘောဖြင့် ကျမက မေးဆတ်ပြလိုက်တော့ “လေးလေ အလုပ်ထွက်ပြီ သိလား” “ဟင်... ဘာဖြစ်လို့လဲ။ ဟုတ်လို့လား။ မဖြစ်နိုင်တာ”  “တကယ်ပြောတာပါဆို။” “ဟယ် ဘယ်လိုဖြစ်တာလဲ။ စိတ်မကောင်းစရာ” “အေးလေ။ နေအုံးဟာ။ အလုပ်အားမှ ပြောပြမယ်။ ” အလုပ်တက် ခေါင်းလောင်းသံ မြည်နေသဖြင့် ချိုလေးလည်း သူ့နေရာသို့ ပြန်သွားသည်။ ကျန်ရစ်ခဲ့သည့် ကျွန်မမှာတော့ စာပွဲပေါ်က စာရွက်စာတမ်း တစ်ချို့ကို ရှင်းလင်းရင်း ချိုလေးပြောခဲ့သည့် လေးလေအလုပ်ထွက်ပြီဆိုသည့် သတင်းက အတွေးထဲဝင်လျှက်ရှိနေသည်။ ထိုသတင်းက မယုံနိုင်စရာဖြစ်သလို စိတ်မကောင်းစရာသတင်းလည်း ဖြစ်သည်။ လေးလေ၏ လုပ်သက်အရဆိုလျှင် ပင်စင်ယူရန် အချိန်သိပ်မလိုတော့။ နောက် နှစ် နှစ်ခန့်ဆိုလျှင် ပင်စင်ရတော့မည်။ ထို့ကြ

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

Image
ကျွန်တော်က အိပ်မက်ကို လိုက်ရှာနေတဲ့သူ။ ရှာသာရှာနေတာ ခုချိန်ထိ အိပ်မက်ဆိုတာ မတွေ့ဖူးသေးဘူး။ အိပ်မက်က အလုံးလား၊ အဝိုင်းလား၊ အပြားလားလည်း ကျွန်တော်မသိဘူး။ အိပ်မက်ကို သိတဲ့ လူတစ်ချို့ကတော့ ပြောတယ်။ အိပ်မက်ဆိုတဲ့ အရာက တန်းခိုးစွမ်းအင်တွေ ရှိတယ်တဲ့ ။ အဲ့ဒီအိပ်မက်က လူစွမ်းကောင်းတောင်ဖြစ်စေနိုင်တယ်တဲ့။ ဖြစ်ချင်တာကို တောင့်တရုံပဲ အကုန်ဖြစ်စေတယ်ဆိုပဲ။ တောင့်တရုံနဲ့ ဖြစ်စေနိုင်တဲ့ အဲဒီအိပ်မက်ကို ကျွန်တော်မြင်ချင်၊ တွေ့ဖူးချင်တယ်။ တောင့်တရုံနဲ့ လူစွမ်းကောင်းဖြစ်မယ်ဆိုရင် ကျွန်တော်လည်း ဖြစ်ချင်တာပေါ့။ ဘာမှမလုပ်ရပဲ အိပ်မက်ရှိရုံနဲ့ အားလုံးဖြစ်မယ်ဆိုတော့ ဘယ်လို အစွမ်းမျိုးပါလိမ့်။ အိပ်မက်ကိုလိုချင်ရင် အမှောင်ထုထဲမှာ ရှာရမယ်ဆိုတဲ့ သဲလွန်စရတယ်။ ဒါနဲ့ပဲ အိပ်မက်ကို နဖူးတွေ့ဒူးတွေ့ ကြုံချင်တဲ့နေ့ကစပြီး အမှောင်ထုပေါင်းမြောက်မြားစွာကို ကျွန်တော်လျှောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ခုချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီလောက် စွမ်းအားရှိတဲ့ အရာကို မရရအောင် ရှာမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။ တစ်နေ့တော့ ထုံးစံအတိုင်း အမှောင်ထုတစ်ခုကို တိုးဝင်လိုက်တဲ့ အခါမှာ လမ်းမတစ်ခုထက်ပေါ် ကျွန်တော် ရောက်နေခဲ့တ

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား

Image
“ကလင်.... ကလင်....” “ကလင်.... ကလင်....” ဧည့်ခန်းထဲမှ မြည်နေသည့် ဖုန်းမြည်သံသည် နှင်းအတွက် ညည့်နက်သန်းခေါင်မှာ ကြားရသည့် ငှက်ဆိုးထိုးသံ တစ်ခုနှင့်တူပါသည်။ ထိုအသံကြားရလျှင် နှင်းကြေကွဲရသည်။ ထိုဖုန်းသံသည် နှင်းကို လှောင်ပြောင်ပျက်ရယ်ပြုနေသည်ဟုလည်းထင်မိသည်။ ဖြစ်နိုင်လျှင် နှင်း မည်သည့်အသံကိုမျှ မကြားချင်ပါ။ မကြားဝံ့ပါ။ အကြောက်ဆုံးအသံကတော့ လူတစ်ဦးတစ်ယောက် လာရောက်စကားပြောမည့် စကားသံကိုပင် ဖြစ်၏။ ထို့ပြင်ဖုန်းအဝင် ခေါ်ဆိုသံကိုလည်း ကြောက်သည်။ နှင်းအတွက် အရေးတကြီး အရာများထဲမှ ဖုန်းခေါ်ဆိုသံသည် လွန်ခဲ့သည့် တစ်ပါတ်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီးပြီ။ ယခုလို အိမ်တွင်မည်သူမှ မရှိသည့်အချိန် ဖုန်းသံမြည်နေခြင်းသည် နှင်းအတွက် စိတ်ဆင်းရဲစရာကောင်းသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။ သည့်ထက်ပို၍ ကြေကွဲစရာကောင်းသည်မှာ ယခုဖုန်းမြည်သံသည် နန္ဒ ခေါ်သည့် ဖုန်းသံဖြစ်သောကြောင့်ပင်။ ဖုန်းနံပါတ်ကို သွားမကြည့်သော်လည်း အဆက်မပြတ်မြည့်နေသည့် ဖုန်းသံသည် နန္ဒခေါ်သည်မှ လွဲ၍ တခြားမဖြစ်နိုင်ကြောင်း နှင်း ကောင်းကောင်းသိသည်။ နန္ဒခေါ်သည့် ဖုန်းမြည်သံကို ငေးကြည့်နေရသည်မှာ နှင်းရင်တွေ ပူလောင်လွန်းလှ၏။ နန္ဒ ဆိုတာ နှင်းသိ

သိုးမွှေးတဘက်ထိုးနည်း

Image
ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရ အဖြစ် သိုးမွှေးထိုးနည်းလေး သင်ပေးမယ်။ မိန်းကလေးတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ငယ်ငယ်လေးကထည်းက ဝါသနာပါခဲ့ပါတယ်။ အကြိမ်ကြိမ် အခါခါ သင်ဖူးပေမယ့် တစ်ခါမှ တဘက်တစ်ထည် ဖြစ်မြောက်အောင် မထိုးခဲ့မိဘူး။ ဒီနည်းလေးနဲ့မှ တဘက်တစ်ထည် ဖြစ်မြောက်သွားတယ် ဆိုပါတော့။ အရမ်းလွယ်လို့ မျှဝေလိုက်ပါတယ်နော်..။ ၁။ ကြိုးလေးတွေကို ရစ်ဖို့ ပုံမှာ ပြထားတဲ့ တိုင်ခုံလေးတစ်ခု လိုပါမယ်။ ဒီမှာတော့ စာအုပ်ဆိုင်၊ သိုးမွှေးထိုးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ၂။ သိုးမွှေးထိုး အပ်တစ်ချောင်း လိုပါမယ်။ ၃။ နောက် ကိုယ်သုံးမယ့် သိုးမွှေးချည် ပေါ့။ ချည် အပွ အကျစ် အပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ တိုင်ခုံလေးတွေကို ရွေးရမယ်။ အပွဆိုရင် တိုင်ကျဲတာကို သုံးပေါ့။ ကျွန်မတော့ နားမလည်ရင် သိုးမွှေးချည်တွေ ရောင်းတဲ့ ဆိုင်က အဖွားအိုကိုမေးပါတယ်။ ၄။ ဒီသုံးမျိုးလုံး ပြည့်စုံပြီ ဆိုရင်တော့ သိုးမွှေးစထိုးလို့ရပါပြီ။ ပထမဆုံး တိုင်ခုံလေးပေါ်မှာ သိုးမွှေးကြိုး အတိုအစလေးတစ်ချောင်းကို ခင်းထားလိုက်ပါ။ ၅။ ရှေးဦးစွာ စထိုးမယ့် ချည်လုံးရဲ့ ကြိုးအစလေးကို ခေါက်တုတ်ချီလိုက်ပါ။ ၆။ ခေါက်တုတ် ကြိုးကွ

အိမ်မက်ဆိုးတို့သက်ဝင်ချိန်

Image
စပါးအဝယ်ဒိုင်ထံမှ ပြန်လာကတည်းက ကိုရွှေအေး မျက်နှာမကောင်းသည်ကို ဇနီးဖြစ်သူ မခင်မြင့် သတိထားမိသည်။ ဧကန္တစပါးဈေးကျနေ၍ဟုသာ ထင်မိသော်လည်း ကောင်းသည်ဆိုးသည် ဝင်ပြောလေ့မရှိသူမို့ ကိုရွှေအေးဖွင့်ပြောလာချိန်ကိုသာ စောင့်နေတာ အကောင်းဆုံးဟု တွေးလိုက်သည်။ ကိုရွှေအေးနှင့် မခင်မြင့် တို့၏ အိမ်ထောင်သက်မှာ ကြာမြင့်လှပြီ။ အရာရာ ကိုရွှေအေး သဘောအတိုင်းသာ ဖြစ်စေသဖြင့် ခွန်းကြီးခွန်းငယ် ကတောက်ကစ စကားများဖူးသည် မရှိခဲ့ကြ။ “ဦးလေးမောင် ရေ.. ပြန်တက်ကြစို့” တက်မကိုင်သူ ဦးလေးမောင်ကို လှမ်းပြောသည့် ကိုရွှေအေးစကားကြောင့် မခင်မြင့်ကိုယ်တိုင် အံ့သြသွားရသည်။ ဦးလေးမောင်ကိုယ်တိုင်လည်း အံ့အားသင့်သွားဟန်တူသည်။ မခင်မြင့် မနေသာ၍ ဝင်မေးလိုက်သည်။ “ မနားတော့ဘူးလား အကို.. ပြန်တက်တော့မလို့လား” “မနားတော့ဘူး မြင့်ရယ်။ အကိုတို့ အခုပဲ ပြန်ကြပါစို့။ ဦးလေးမောင် စက်နှိုးဗျာ” မခင်မြင့် နားမလည်နိင်သော်လည်း ကိုရွှေအေး စကားအတိုင်း ပြန်ကြဖို့ ဆုံးဖြတ်လိုက်တော့သည် ။ ကိုရွှေအေးနှင့် မခင်မြင့်တို့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေတစ်စီးဖြင့် အစုန်အဆန် သွားလာကာ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ နယ်များရှိ တန်တစ်ရာဆန်စက်မျာ

ဥပေက္ခာအမှား

Image
ကျွန်တော့်ဘဝတွင် ကြုံခဲ့ဖူးသည့် စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုကို မကြာခဏ ပြန်မြင်နေယောင်မိသည်။ ထိုအဖြစ်အပျက်သည် ကျောင်းမှ အိမ်ပြန်လမ်းတစ်ခုတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ဘတ်စ်ကား မှတ်တိုင်တွင် ကားစောင့်နေကြသည်။ အိမ်ပြန်ရောက်ချင်စိတ်ကြောင့် ဘတ်စ်ကားလာရာဘက်ကို စောင့်ငေးနေသော ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူက အနားကပ်၍ ခပ်တိုးတိုးပြောသည်။ “ဟေ့ကောင်... အရှေ့က ကောင်မလေးကို ကြည့်လိုက်။ ” သူ့စကားကြောင့် ညွှန်ပြရာသို့ ကြည့်လိုက်မိသည်။ ဆံပင်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် လှပကျော့ရှင်းသည်ဟု ယူဆရသည့် အမျိုးသမီးလေး တစ်ယောက်နှင့် သူမနံဘေးနားရှိ ပုပုဝဝ ထိပ်ပြောင်ပြောင် အသက် ငါးဆယ်ခန့်ယောကျာ်းကြီး တစ်ယောက်တို့ဖြစ်သည်။ ကားစောင့်နေဟန်တူသည်။ ဘာမှ ထွေထွေထူးထူး မရှိလှ။ “ဟိုစုံတွဲလား...ဘာထူးဆန်းလို့လဲ။ ” “မင်း မသိမသာ ကြည့်နေ။ ဘေးနားက ဟိုလူကြီး အဲဒီကောင်မလေးကို လက်သရမ်းနေတယ်။ ” သူငယ်ချင်း၏ စကားကြောင့် သူ၏ လေးလံထိုင်းမှိုင်းနေသည့် စိတ်တို့ အဝေးသို့ လွင့်စင်ကာ ထိုကောင်မလေးကို ဂရုတစိုက် စောင့်ကြည့်နေမိတော့သည်။ ကောင်မလေးသည် ပထမရပ်နေသည့် နေရာမှ အနည်းငယ် ရေ