စက်ရုပ်ဘဝ



မနက်မိုးလင်း ရောင်နီလဲရောက်
သံစဉ်ချိုချို ကြေးငှက်လေးတွေ
မြည်တွန်သံနင့် တပြိုင်နက်ထဲ
စက်ရုပ်ကလေး နိုးထလာခဲ့
ကော်ဖီခွက်ကို မြန်မြန်မော့ကာ
နံနက်တိုင်းရဲ့ အားသစ်တွေနှင့်
ဆိုင်ကယ်တွေကြား တိုးကျိတ်ရင်းနဲ့
ဝမ်းစာအတွက် တိုက်ပွဲဝင်ခဲ့
တစ်နေ့လာလဲ ဒီနေရာနဲ့
တခါလာလဲ ဒီအလုပ်ပဲ
ဝမ်းရေးအတွက် အလုပ်ခွင်မှာ
စက်ရုပ်လေးတော့ ပျင်းရိခဲ့ပေါ့
အလုပ်ဆင်းလို့ အိပ်ပြန်ရောက်တော့
စက်ရုပ်ကလေး အနားယူကာ
မနက်ခင်းသစ် ရောက်လာပြန်ပေါ့
နေ့နေ့ညည အလုပ်နှင့်အိမ်
လွမ်းဆွတ်ခြင်းနှင့် သတိရခြင်း
ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းများ
အထီးကျန်စွာ ဖြတ်သန်းခဲ့ရ
ဒီလိုနဲ့ပဲ စက်ရုပ်ကလေး
တိုင်းတစ်ပါးမှာ ရှင်သန်လာတာ
ဒီဇင်ဘာလ ၁၂ရက်ဆို
၈နှစ်တောင်မှ ရှိခဲ့ရောပေါ့..။




ps: ဘာရယ်တော့ ဟုတ်ပါဘူး။စိတ်ထဲရှိတာ ချရေးလိုက်တာပါ။ မွန်က ကဗျာလေးတွေကို ကြိုက်တယ်။ မရေးတတ်ဘူးရှင့်။ ရေးတတ်သလို ရေးချလိုက်တာပါ။ ကဗျာဆရာကြီးတွေ တွေ့ပြီးရယ်တော့မယ်ထင်တယ်။ ရေးတတ်သလိုရေးထားတဲ့ ကဗျာတစ်ပုဒ်ကို လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်..။ မြတ်မွန်

Comments

မြစ်ကျိုးအင်း said…
ကဗျာဖတ်ပြီး ကိုယ့်ကိုစောင်းရေးထားတယ် တောင်ထင်မိသေး။
ဟုတ်ပါ့ဗျာ တနေ့လည်း ဒီနေရာ ဒီအလုပ်
မိုးလင်းတာနဲ့ မထချင်ဘဲထ ဆိုင်ကယ်နဲ့ အလုပ်သွား ညနေပြန်လာ ဒါနဲ့ပဲ ၅ နှစ်ပြည့်တော့မယ်
မြစ်ကျိုးအင်း said…
သိတာနောက်ကျသွားလို့ တကယ်ဆို မနက်ဖြန် ၀ါးတီးပါ စားရမယ် ထင်တယ်နော်

အားတင်းထားပါဗျာ ၈ နှစ်ဆိုတော့ အများကြီး ဖြတ်သန်းခဲ့ပြီးပြီပဲလေ
ဘာဖြစ်လို့လဲ အကိုရ ဝါးတီးက..
အမရေ. ကျေးငှက်သံတော့မရှိဘူးထင်ပါရဲ့... စက်ရုပ်တိုင်းပြည်မှာလေ... ဟီးဟီး... အမက တိုင်ပေကလား တိုကျိုကလား.....
မြတ်မွန်ရေ...
အပေါ်မှာ ကိုမြစ်ပြောသွားသလိုပါပဲဗျာ...။ ကိုယ့်ကိုစောင်းရေးထားသလားတောင် အောက်မေ့ရတယ်...။
(ကဗျာမရေးတတ်လို့ပဲ မြတ်မွန်ရေ...၊ ရေးသာရေးတတ်ရင်တော့....:D...)

ခင်တင်တဲ့
ဏီလင်းညို
မြတ်မွန်ရေ....
စားလုံးဘောင်းမှားတွားဒယ်ဗျာ...။
ခင်တတ်တဲ့လို့ ရေးချင်တာကို ခင်တင်တဲ့...ဆိုပီး ဖစ်တွားဒယ်...ဟိ..ဟိ..။ ချောတီးနော်...။
(ဒီတစ်ခါသေချာရေးလိုက်ပါ၏)

ခင်တတ်တဲ့
ဏီလင်းညို
ကဗျာက ကောင်း၏ လေးလုံးစပ်လေး တွေ
စက်ရုပ်မလေးပေါ့နော်... :P
ဇာဏီ said…
ခံစားချက်လေးတွေကိုချရေးပြထားတာလေ
ကျနော်လည်း ဒီလိုပါပဲ
ကဗျာရေးတယ်ဆိုပေမယ့်
ခံစားချက်လေးတွေချရေးထားတာပါပဲ
ဆက်ရေးပါ အားပေးတယ်
linn said…
မွန်ရေ ...

ဒီလိုပါပဲ ...ပျော်ရာမနေရ ..
တော်ရာမှာနေကြရတာပဲ မို့လားး ........
မနက်ဖြန်များစွာအတွက်
အားသစ်တွေနဲ့ ရှင်သန်နိုင်ပါစေ..
ခင်မင်စွာဖြင့်..
လင်း
ငှက်တွေက ပျံရင်းနဲ့ သေကြတယ်...
လူတွေက ရှင်သန်နေရင်းနဲ့ သေကြရတယ်...
(ကိုယ့်ဖာသာပြောင်းပစ်လိုက်တာ စကားကို)

နှစ်တွေအများကြီး ဖြတ်သန်းခဲ့ပြီးပြီပဲဗျာ...
ဆက်ပြီးတောင့်ခံထားပါ...

ကဗျာဆိုတာ ကိုယ့်ရင်ထဲက အရာကို ပေးဆပ်တာလေ...
အဲဒါကြောင့်ရေးသာရေးပါဗျာ ...

ခင်မင်လျက်
ညရဲ့ကောင်းကင်
အိမ် said…
လူတိုင်းကြုံတွေ့နေရတဲ့ ဘဝလေးပါပဲဗျာ တင်ပြသွားပုံလေးလှပါတယ်... ဟို.. ဟို.. ကဗျာကိုပြောတာပါနော်.. အဟီး.. တမျိုးထင်မှာစိုးလို့ ရှင်းပြတာပါဗျာ..။
To:ဂျပန်ကောင်လေး said...

ကျွန်မ တိုင်ပေ ကပါရှင်..ကျေးဇူးတင်ပါတယ်ရှင်..။
To: ~ဏီလင်းညို~ said...

ကျေးဇူးတင်ပါတယ် ကိုဏီးရေ..။ ဟီး တစ်ခါမှား တစ်ကျပ်နော်..။

To:ဇောင်း said...
ဟုတ်ပါ့..စက်ရုပ်မပါရှင်..။

To:ဇာဏီ said...
bro ကျေးဇူးပါရှင်..ကျွန်မက တခုခုရေးရင်ကြာတယ်ရှင့်..။

To: linn said...
လင်းရေ..အားပေးတာ ကျေးဇူးတင်ပါတယ်ရှင်..။

To: ညရဲ့ကောင်းကင် said...
ကောင်ကင်ကိုလဲ အားပေးတာ ကျေးဇူးတင်ပါတယ်ရှင်..

To:အိမ် said...
ဟင် ဘာမှလဲ ပြောပဲနဲ့ ရှင်းပြနေတယ်နော်..ဟီး
ကျေးဇူးတင်ပါတယ်ရှင်..။
သူများတွေကတော့ စောင်းရေးသလားတဲ့ပြောကြပြီ
မောင်ဘကြိုင်ကတော့ ပြောလိုက်မယ်
ကျွန်တော့်ကိုတည့်ရေးထားတာလားဟင်း)
တူတူပါပဲဗျာ စက်ရုပ်တွေလိုပါပဲ ၈နှစ်ဆိုတော့နေနိုင်တာ
လေးစားတယ် ကျွန်တော် ၇နှစ်နဲ့ပျံတော့မယ် ဖလတ်
ဖလတ်း) ကဗျာလေးကြိုက်တယ်ဗျို့း)
snow lover said…
မမွန်က ရေးမတာသာပြောတရ်(လေးလုံးစပ်........စပ်ထားတာကောင်းလိုက်တာ)
snow lover said…
ရေးမတတ်တာပြောတရ်နော်
(လေးလုံးစပ်.....စပ်ထားတာအရမ်းကောင်းတာပဲနော်)
Anonymous said…
ကဗျာ ဆိုတာ ခံစားချက်တွေ မျှဝေခြင်းလို့ အကိုတယောက်က ပြောဖူးတယ်

ကျွန်တော်ကတော့ မှန်တယ်လို့ထင်တာပဲ
ခံစားချက်မတူပမယ့် ကဗျာပေါ်မှာ ထားတဲ့ feeling ချင်းတူတယ်

ကဗျာကို ချစ်တယ်
ရေးချင်သလိုရေးတယ်
ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ကိုယ့်ကဗျာကို ဝေဖန်ရတာ အမော....
ခံစားချက်မတူပမယ့် ကဗျာပေါ်မှာ ထားတဲ့ feeling ချင်းတူတယ်

ကဗျာကို ချစ်တယ်
ရေးချင်သလိုရေးတယ်
ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး ကိုယ့်ကဗျာကို ဝေဖန်ရတာ အမော....
This comment has been removed by the author.

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား