စေတနာ


စေတနာ ဆိုတာကို ဘယ်လို လက်ခံ ထားပါသလဲ။ ကျွန်မ သိတဲ့ စေတနာ ဆိုတာ သူတပါးကို အဆင်ပြေစေချင်တာ ကိုယ်ချင်းစာတတ်တာ ကောင်းတာဆိုရင် မိမိတစ်ယောက်ထဲ မခံစားချင်သလို သူတစ်ပါးကို မျှဝေ ခံစားစေချင်တာ ကိုယ်အတွက်ထက် သူတစ်ပါးအတွက်ကို ဦးစားပေးတာ ငဲ့ညှာတာ အရေးထားတာကို စေတနာ ..လို့ဆိုနိုင်ပါတယ်။

စေတနာဆိုတာ လူတစ်ယောက်ရဲ့ ရင်ထဲက ရင်နှင့်ရင်းပြီး ထွက်ပေါ်လာတဲ့ မျှဝေခြင်းပါ။ လုပ်အား ၊ ကိုယ်အား၊ အချိန်၊ အသိပညာ၊ အတက်ပညာ ၊ တစ်ခုမဟုတ် တစ်ခုရင်းပြီးမှ ပေးဆပ်လိုက်ရတာ စေတနာပါ။ ဖြူစင်တဲ့ စေတနာမှာ ကိုယ်ကူညီလိုက်တဲ့ စေတနာကြောင့် တုံ့ပြန်မှုဆိုတာ မမျှော်လင့်တတ်ကြပါဘူး ။ ကိုယ်ရဲ့ စေတနာ အရာရောက် သွားတယ်ဆိုတဲ့ ပီတိလေးပဲ လိုချင်တပ်မက်မိပါ၏။ စေတနာကြောင့် ကူညီလိုက်တယ် ကူညီခြင်းဆိုတာမှာလဲ ငါဆိုရင် ဆိုတဲ့ အသိသေးနှင့် ကိုယ်ချင်းစာပြီး ကူညီခြင်း ဖြစ်တယ်။
စေတနာ ထားတတ်သူများကတော့ အရာရာကို ကူညီဖို့သာကြည့်နေတက်ပါတယ်။ လောက မှာကိုယ်ရဲ့ စေတနာနှင့် ကူညီမှုကြောင့် ဘာမှဖြစ်မလာတာတွေလည်း ရှိတယ်။ ကိုယ်ရဲ့စေတနာကို အလွဲသုံးစား လုပ်ခံရတဲ့အခါ အထင်လွဲခံရတဲ့အခါ ဝေဒနာဆိုတာ ဖြစ်လာရပါတယ်။ ထိုအခါ စေတနာက ဝေဒနာ ဖြစ်ရတယ်ဆိုတဲ့ စကားမှ တဆင့် စေတနာသည် လူတိုင်းနှင့် မတန်ဆိုသော စကားလေးကို အမှတ်ရမိပါ၏။ ထိုကြောင့် ဆရာ မိဘက တပည့်သားသမီးပေါ် ထားတဲ့ စေတနာသာ အဖြူစင်ဆုံးနှင့် အတ္တမပါသော အသန့်ရှင်းဆုံးသော စေတနာတစ်ခု သာလျှင်ဖြစ်၏။
စေတနာဆိုတာကို အရင်းခံ၍သာ ကူညီမှု ဆိုတာရှိလာရတာပါ။ စေတနာ ဆိုတာ ဘာလဲဆိုတာကို လေးလေးနက်နက် သိမှသာလျှင် စေတနာရဲ့ တန်ဖိုးကို သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။

ps;မွန်ရင်ထဲက ခံစားပြီး ရေးချမိတဲ့ ခံစားမှုတစ်ခုသက်သက်ပါ..



Comments

စေတနာနဲ့ပတ်သက်တဲ့ ခံစားချက်တခုခုရှိနေပြီနဲ့တူတယ်...း)... စေတနာဆိုတာ ထိုက်သင့်တဲ့သူအပေါ်မှာ ထားမှပဲ အကျိုးရှိတာပါလေ....
rose of sharon said…
စေတနာအကြောင်းလေးဖတ်သွားတယ်နော်......
မြတ်မွန်ရေ...

ကိုယ်ပေးတဲ့ စေတနာဆိုတဲ့ အရာကိုလက်မခံတတ်နိုင်တဲ့သူကို သနားစရာကောင်းသူတွေလို့ ကျွန်တော်တော့ မြင်မိတတ်တာပါပဲဗျာ...။

ခင်မင်တဲ့
ဏီလင်းညို
ကျနော်ကတော့
ကိုယ်တကယ် စေတနာထားပြီးလုပ်လိုက်တာတစ်ခုအတွက်
ဘာမှ တုန့်ပြန်မှုမရနေပါစေ
ဝေဒနာ အနေနဲ့မြင်ခဲ့မယ်ဆိုရင်တော့
မထိုက်တန်ဘူးလို့ပဲ ရိုးရိုးလေး ယူဆမိပါတယ်
စေတနာဆိုတာကို အသေးစိတ်တွေးတော နေရင် အဲဒီစေတနာရဲ့ တန်ကြေးလျော့သွား မယ်ထင်တာပါပဲ။ ကိုယ့်ကြောင့် လူတယောက် ယောက် ကိုယ်ရဲ့ ကျန်းမာခြင်း စိတ်ရဲ့ ခြင်း သာခြင်း ရရှိလိုစိတ်ဟာ စေတနာပါပဲ။

တကယ်တော့ စေတနာ ထားတယ်ဆိုထဲက တုန့်ပြန်မှုကို မမျှော်လင့်သင့်ပေမယ့် မယုံကြည်နိင်စရာ ဆန့်ကျင်ဘက် အမြင်မျိုး တုန့်ပြန်လာတဲ့ အခါမှာတော့ နာကျင်မိတာ လူသားဆန် တာပါပဲ။
စေတနာဆိုတာဖြူစင်ဖို့တော့လိုတယ်ထင်တယ် အမမြတ်မွန်ရေ...
လာဖတ်သွားတယ် မမွန်.။
စေတနာဆိုတာ မျှဝေခြင်း ဆိုတာကို လုံးဝလက်ခံပါတယ် ....
အမရေ စကားမစပ် နည်းနည်းလောက် ပြောချင်တယ် ...
ပေးဆက် ကလေ ပေးဆပ်
ကူညီချင်း မဟုတ်ပဲ ကူညီခြင်း
ဘာမှ ဖြစ်မလာတာတွေလဲ အစား ဘာမှ ဖြစ်မလာတာတွေလည်း
လိုချင်တက်မက် အစား လိုချင်တပ်မက်
စေတနာ ထားတက် မှာ စေတနာ ထားတတ်
-------------
စာလေးက ကောင်းတယ်လေ ... စာလုံးပေါင်းလေးတွေပါမှန်ရင် ဖတ်ရတာ ပိုအဆင်ပြေမယ်ထင်လို့ ပြောကြည့်တာနော် အမ ...
ခင်တဲ့
မေကျော်
စေတနာ တကယ်ထားချင်တယ်ဆိုရင်..
ပြန်မရ ပေမယ့်လည်း အားလုံးအပေါ် တညီတည်းပဲ ထားလိုက်ပါ။ သူမသိတတ်ပေမယ့် ဖြူစင်တဲ့ စေတနာတွေရဲ့ အကျိုးကတော့ တစ်ချိန်မှာ ပြန်ခံစားရမှာပါ။။
ကူညီချင်း မဟုတ်ပဲ ကူညီခြင်း
*ကူညီချင်း မဟုတ်ဘဲ ကူညီခြင်း*
အကြံပေးတဲ့လူက စာလုံးပေါင်းမှားနေလို့ .... ဟိ ခွင့်လွှတ်နော် .... :)
KO GYI said…
Note စေတနာ သည် လူတိုင်းနဲ့ မတန်သည် မဟုတ် လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
KO GYI said…
စေတနာ သည် လူတိုင်းနဲ့ မတန်သည် မဟုတ် လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
မမေကျာ်ရေ..ကျေးဇူးတင်ပါတယ်ရှင်..။ ပြင်လိုက်ပါပြီ..။
လေးစားစွာဖြင့်
မြတ်မွန်
စေတနာသည် လူတိုင်းနဲ့ မတန်ဆိုတာကို အောင်သင်းပြောဖူးတာက စေတနာက စေတနာ မမည်သေးလို့ နေမှာပါတဲ့

လူတိုင်းကို မကူညီနဲ့ ဆိုတာက ဒေါက်တာ မတင်ဝင်း ပြောတယ်။ ကူညီရင် မင်း ငါ့လောက် မတတ်သေးဘူးဆိုတဲ့ အနေအထားမျိုးကို တစ်ဖက်သားကို ရောက်စေ အဆင့်နိမ့်စေလို့ပါတဲ့။
tatto said…
ကလေးရေ
ရောက်လာတယ် သေချာဖတ်သွားတယ်
ဘာမှပြောတော့ဘူး နော်
စေတနာဆိုတာ ထားတတ်ဖို့ပါပဲ...
ဒီလူတစ်ယောက်အပေါ် စေတနာထားလို့ ဘာမှတုန်ြ့ပန်မှုမရလဲ နောက်တယောက်ဆီက ပိုသာတဲ့ ကောင်းမွန်ခြင်းတွေ ရောက်ရှိလာမှာပါ...

ကျွန်တော်ကတော့ စေတနာသန့်သန့်နဲ့ပဲ လူတိုင်းကို ကူညီစေချင်ပါတယ်...

အကျိုးရှိတဲ့ ပို့စ်လေးပါဗျာ...

ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်
“စေတနာဆိုတာကို အရင်းခံ၍သာ ကူညီမှု ဆိုတာရှိလာရတာပါ။ ”

ကျနော်လည်း ကျနော်တတ်နိင်ခဲ့မယ်ဆိုရင်တော့
စေတနာထားပြီး လုပ်ပေးလိုက်တာပါပဲဗျာ
flowerpoem said…
အရမ်းကောင်းတဲ့ စာတွေပါ လေးစားပါတယ် ...
to ..tatto said...
ဦးတိုးရေ..လာဖတ်သွားတာ ကျေးဇူးရှင့်..။
စေတနာထားပြီး ကူညီလိုက်ပါတယ်
ကိုယ့်စေတနာ ဖြူစင်ခဲ့ပါသည် ဆိုတဲ့သီချင်းလေးလိုပဲ
ဖြူစင်ဖို့ တုန့်ပြန်မှု့မလိုတဲ့ မမျှော်တဲ့ စေတနာဆိုရင်
ကိုယ့်စိတ်ထဲမှာ ကြည်လင်လို့ဗျ သူယူယူ မယူယူ
ဒါသူ့အပိုင်း ကိုယ့်ဘက်က စေတနာစိတ်နဲ့
ပေးနိုင်တာ ကူနိုင်တာ ပေးလိုက်ကူလိုက်တယ်

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား