မြေခတဲ့မျက်ရည်

စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုပြီး
ဟစ်ကြွေးတက်တဲ့ ဖေဖေ.......
လောကဓံကိုကြံကြံခံ
အနိုင်မခံ အရှူံးမပေး
လွယ်လွယ်နဲ့
မျက်ရည်မကျတက် တဲ့ဖေဖေ.....။

သတိရခြင်း လွမ်းဆွတ်ခြင်းတဲ့
ရင်မှာ ပူလောင်စွာ
လောင်မြိုက်လို့
ဖေဖေ့ မျက်ရည်မြေကျခဲ့ရတယ်....။

ချစ်ခင်နှစ်သက်တဲ့
လူတွေနဲ့ ခွဲခွါနေရတဲ့ ဒုက္ခ
လောကကြီးရယ်..
အရင်ဘဝက ကုသိုလ်ကံကို
ပြန်ကြည့်လို့ရမယ့်
မှန်တစ်ချပ်လောက်လိုချင်မိ....။
မြတ်မွန်

ps; ဖေဖေနဲ့ ဖုန်းပြောပြီး ရေးချလိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။

Comments

မြတ်မွန်ရေ....
သူတို့က...ကိုဏီးတို့ ချစ်တာထက် အဆ ရာပေါင်းများစွာပိုချစ်ကြတယ်လေ...။
(သတိရရင် ခဏခဏဖုန်းဆက်ပေါ့...မြတ်မွန်ဖေဖေ့ကိုလေ...)
ခင်မင်တဲ့
ဏီလင်းညို
Anonymous said…
ဂရုပိုစိုက်ပေးလိုက်ပါ...
သားသမီးတို့ရဲ့ ဂရုစိုက်တတ်တဲ့ စကားလုံးတွေက ခုလို အနေဝေးနေရတဲ့ မိဘတွေအတွက် အား တခုပါပဲ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
kaungkinpyar said…
မျက်ရည် ကျမိတယ်..
တော်တော်ခံစားလိုက်ရမှာပဲ...
တို့တတွေ အဖေ၊အမေ ရယ်လို့ဖြစ်လာတဲ့
အချိန်ကျရင်.... ကိုယ့်သားသမီးကို
ဒီလိုချစ်နိုင် ပါ့မလားနော် ။

ဒီ ပိုစ် ဖတ်နေတုန်းအဖေအမေကိုသတိရလိုက်တာ
.....
..မြတ်မွန်ရေ ။.. (တခြားလိုမခေါ်တော့ဘူးနော်)

ခင်တဲ့
aelko :D
အသစ်တင်တာတောင်လာမပြောတော့ဘူးနော် ရက်စက်ပ
ကျနော်လည်း ဖေဖေနဲ့ မတွေ့တာ တော်တော် ကြာသွားပြီ။ မတွေ့ဖြစ်တော့မှ ဖေဖေ ပြောခဲ့တာတွေ ၊ ဆုံးမခဲ့တာတွေ ပိုပိုသိလာ ၊ နားလည်လာ ၊ ကြားလာမိတယ်ဗျာ.။
ဒါကြောင့် စာတွေလည်း ပိုရေးမိနေတာ။

မမွန်ကဗျာကို ဖတ်လိုက်ရတော့ ပို သတိရတယ်။
ကဗျာလေးအတွက် ကျေးဇူးပါဗျာ။
Anonymous said…
မမြတ်မွန်ရေ.. အမအိမ်ပြန်လိုက်တာနဲ့ အဖေ့ကို တွေ့နိုင်တယ်နော်... ကျွန်တော်တော့ ဘယ်ကို သွားရှာရမှန်းတောင် မသိတော့ဘူး.. အမ အဖေ့ရဲ့ မျက်ရည်ဟာ အမအတွက် အားဆေးတစ်ခွက်ပါပဲဗျာ...

ခင်တဲ့
ဂျပန်ကောင်လေး
ဒဏ္ဍာရီ said…
စိတ်မကောင်းပါဘူး ညီမလေးမွန်ရေ... အဝေးကနေ ခွန်အားတွေကို စကားတွေနဲ့ပဲပေးကြတာပေါ့နော်။

ပျော်ရွှင်ပါစေ ညီမရယ်..။

ခင်မင်လေးစားလျှက်
ညီမကဗျာဖတ်ပြီး တော့..အကို..ဖေဖေ့ကို သတိရသွားတယ်..။
မကေ said…
မမွန်ရေ မျှဝေခံစားသွားပါတယ်။
PhyoPhyo said…
မွန်မွန်ဖေဖေ က တော်တော်ချစ်ပုံပဲ၊ အမ အဖေကတော့ ဘယ်လိုမှ သိပ်မနေဘူး၊ အနေဝေးလဲ၊ ဖေဖေ မေမေ နေကောင်းကျန်းမာကြလို့ပဲ အမမှာ စိတ်အေးရသေးတယ်၊
အမရေ. အမရဲ့ ကဗျာလေးကိုဖတ်ပြီး ကျွန်တော်လည်း ကျွန်တော့် အဖေ ကို ပိုပြီး သတိရမိပါတယ်ဗျာ.. တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.. ဒီနေ့ပဲ ကျွန်တော့်ရဲ့ဖေဖေ ကျွန်တော်တို့ ကို ခွဲခွာသွားတာ လေးလ ပြည့်တဲ့နေ့ လည်း ဖြစ်နေလို့ပါ.....

မမြတ်မွန်တို့ မိသားစုလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်.........
မြတ်မွန်ရေ...
ဒီကဗျာလေးကိုဖတ်ပြီး တို့လည်း အဝေးက တို့ဖေဖေ့ကို သတိရသွားတယ်
မြတ်မွန်ရဲ့ခံစားချက်ကိုနားလည်တယ်
ဟုတ်တယ်နော်...မြတ်မွန်ရေ...တို့တွေ အရင်ဘ၀က သူများမိသားစု အသိုက်လေးတွေကိုများ ခွဲခဲ့ဘူးလားမသိဘူးနော် :(
ကဗျာလေး ခံစားသွားပါတယ်။
သမီးလေးကိုလွမ်းဆွတ်လို့  ကျတဲ့ မျက်ရည်တွေပါ
အနှိုင်းမဲ့ ချစ်ခြင်းကြောင့်ကျတာဖြစ်လို့ အေးမြနေပါ
လိမ့်မယ်ဗျာ . . .
့မြတ်မွန်ရေ ဒီလိုပါပဲ အဝေးရောက် သူတွေ အားလုံးဟာ လွမ်းဆွေးခြင်းအောက်မှာ မျက်ရည် ကျရတာချည်းပါပဲ မိဘကိုတော့ စိတ်ချမ်းသာအောင် ထားတော့ မြတ်မွန် ကံကောင်းမှာပါ အရာရာမှာပေါ့

ခင်မင်တဲ့
ဗညား

banyarshein@gmail.com ဖြစ်နိုင်ရင် အက်ပေးပါဗျ
ဒီလိုပါပဲဗျာ ... ခဏခွဲရတာပါ ... အချိန်တန်ရင်တော့ ပြန်ဆုံမှာပေါ့ ...း)
တော်တော်လွမ်းနေတယ် ထင်တယ်
ထပ်တူထပ်မျှခံစားရပါတယ်..မမြတ်မွန်
ကျွန်တော်လဲမိသားစုနဲ့ခွဲနေရလို့ပါ။
အမြန်ဆုံး ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်ဗျာ.
စလတ said…
သတိရခြင်း လွမ်းဆွတ်ခြင်းဆိုတဲ့ သောကဝေဒနာတွေကို
ဘုရားမှလွဲလို့ ဘယ်လူဘယ်နတ် တားဆီးဖို့ မတတ်နိုင်ပါ။ ကြံ့ခိုင်ပါတယ် ရင့်က်ြပါတယ်ဆိုပြီး ဟစ်ကြွေးနေတဲ့ကျွန်တော်တို့သည် တကယ်ဆို ကိုယ့်ကိုကိုယ် လိမ်နေချင်းပါတယ်။
မမွန်ရယ် မွန့်ဖေဖေကို မကြာခဏဖုန်းပေးနော်။ နောက်ဆိုသူပျော်သွားမှာ။
လေးစားစွာဖြင့်....သူငယ်ချင်း စလတ
Shwe Thiri Khit said…
ညီမကလေ..
ဝေးတုန်းက သတိရအောင့်မေ့ လွမ်းတယ်။
ခု.. နီးတော့ ရန်ဖြစ်နေတယ်.. :P
မမပို့စ်ဖတ်လိုက်တော့ ပိုသနားသွားပြီ။ အိမ်ပြန်ချွဲလိုက်ဦးမှ..

ဘာလိုလိုနဲ့ နောက်လဆို ခွဲရပြန်ဦးမယ်။
အိမ် said…
မှန်ကြည့်ပြီး နောင်တရနေမဲ့ အစား.... နောင်ဒီလိုမဖြစ်အောင် ကြိုးစားလိုက်ပါလား...
ကျွန်တော်ကိုယ်တိုင်လည်းဒီခံစားချက်မျိုးကြုံဘူးတယ်။တကယ်ခံစားရတယ်ဗျာ။ကဗျာလေးအတွက်ကျေးဇူးပဲ။

ကျွန်တော်က blackcoffee ပါ။ www.sindecafe.com ကပါ။ကျွန်တော်တို့ ဆီလည်းလလည်ပါဦး။

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား