wake up honey


လေလှိုင်းလေးတွေကို ဖြတ်သန်း
ချိုအီစေတဲ့ အသံလှိုင်းလေး တစ်ခုရယ်
အေးစက်တဲ့ နံနက်ခင်းလည်း
သင့်ကြောင့်....နွေးထွေးသွားစေခဲ့ပြီ

သာယာငြိမ့်ဝဲတဲ့ လေစီးကြောင်းလေးထဲ
နံနက်ခင်းတိုင်း ရောက်ရောက်လာတက်တယ်
ခန်းစီးတွေအမှောင်ချထားလည်း
အခန်းထဲမှာ တောက်ပသွားခဲ့တယ်

ပျော်ရွှင်ခြင်းတွေ လင်းပ
ကြည်လင်စွာပဲ နိုးထ ခဲ့တယ်
ဒါဟာ.....တကယ်တော့
သင်ဖန်ဆင်းတဲ့
ချိုမြိန်တဲ့ မနက်ခင်းလေးပေါ့..။

မြတ်မွန်

16 comments:

ပေါ့ဆိမ့် said...

ချိုမြိန်တဲ့ မနက်ခင်းလေး
နဂိုအရှိန်နဲ့ ထွန်းလင်းခွင့်ပေးတာ
မင်္ဂလာပါ..........

ညရဲ့ကောင်းကင် said...

အဲဒီလို ချိုမြိန်တဲ့ နံနက်ခင်းမျိုးကို မွန် အမြဲ ပိုင်ဆိုင်ပါစေ...

ခင်တဲ့
ညရဲ့ကောင်းကင်

Anonymous said...

Good tel...:)
(Black)

အနှိုင်းမဲ့ said...

ဝိုးးးးးးးးးးး
ကောင်းလိုက်တဲ့ ကဗျာချိုချိုလေးပဲ
မွန်လေးရေ..ကြိုက်တယ်..ခိုက်တယ်ဟေ့

စိတ်၏ဖြေရာ said...

မနက်ခင်းတိုင်းပျော်ရွှင်ကြည်လင်ခြင်းအပြည့်
နဲ့နိုးထနိုင်ပါစေညီမလေးရယ်။

Anonymous said...

ချိုမြိန်တဲ့ မနက်ခင်းလေးမှာ မြတ်မွန်ဆီကို အလည်လာပြီး ချိုမြိန်တဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်ကွယ်...

မြတ်မွန်ပျော်ရွှင်ပါစေ...

ချစ်တဲ့
ဂျင်း

ငဏီ said...

ကဗျာလေး ထပ်တူ ခံစားပေးသွားပါတယ်
အစ်မရ....

ပုံ/ ငဏီ

Anonymous said...

ချိုမြိန်တဲ့ မနက်ခင်းလေးအတွက် ကော်ဖီတစ်ခွက်လာပို့ပါသည်။
ဒီလိုပဲ မွန်တစ်ယောက် အမြဲပျော်ရွှင်ပါစေ....

မွန်ရေ... ဒီကတော့ ဖျားပြီဗျို့ ...

လေးစားလျက်
စိုင်း

ချိုကျ said...

ကောင်းလိုက်တဲ့ နံနက်ခင်းလေး....အမြဲရရှိနိုင်ပါစေဗျား။

အဖြူရောင်နတ်သမီး said...

ကဗျာချိုချိုလေး...လာခံစားသ၊ွားတယ် ညီမလေးရေ...
အဆင်ပြေပါစေကွယ်...

~ဏီလင်းညို~ said...

မြတ်မွန်ရေ.....
ကိုဏီးတို့ကတော့ နိုးထတဲ့ မနက်ခင်းတိုင်းမှာ အနားမှာရှိစေချင်တာကတော့ တခြားမဟုတ်ပေါင်ဗျာ....။
မုန့်ဟင်းခါးနဲ့ ဘူးသီးကျော်ပါပဲ.....ခိခိ.......း))
တစ်ကယ်ပြောသည်....။
ခင်မင်တဲ့
ဏိလင်းညို

Theingarra said...

ချိုမြိန်တဲ့ မနက်ခင်းလေး က

ပေါ်လွင်တဲ့ ရေးဖွဲ့ပုံ နဲ့ ဆိုတော့

အသက်ပါလိုက်ပါဘိ :)

မြစ်ကျိုးအင်း said...

ကဗျာလေးက ချိုချိုအီအီလေးပါပဲ။

လက်တွေ့ဘဝမှာလည်း ချိုမြိန်မှာပါ

မိုးခါး said...

wow!!!!!
ဒီလိုမနက်ခင်းမျိုးနဲ့ နေ့တိုင်း နိုးထနိုင်ပါစေ ..း))

Anonymous said...

မွန်ရေ...
ချိုမြိန်တဲ့ မနက်ခင်းလေးလာပို့တယ်...

စိုင်း

ွှThwin said...

မနက်ခင်းလေး တစ်ခု ကို ချိုမြစေဖို့ ကိုယ်ကိုတိုင် ဖန်ဆင်းရမှာပေါ့နော်။