အတာရေနဲ့မုန့်လုံးရေပေါ်

ပြီးခဲ့တဲ့ တနင်္ဂနွေက ဒီနိင်ငံမှာ မြန်မာသင်္ကြန်ပွဲတော် ကျင်းပပါတယ်။ ကျုံးဟော်မြို့ကလေးရဲ့ မြန်မာအစားအစာတွေရောင်းတဲ့ ဟွှားကျင်းကျဲဆိုတဲ့ လမ်းမှာ လုပ်ပါတယ်။ ဒီရပ်ကွက်လေးက မြန်မာလူမျိုး များစွာ နေထိုင်တဲ့ ရပ်ကွက်လေးလည်းဖြစ်တယ်။ ဟွှားရှင်းကျဲဆိုတဲ့ လမ်းလေးထဲ ဝင်လိုက်တာနဲ့ ဆိုင်တိုင်းမှာ မြန်မာအစားစာ တော်တော်များများကို မြန်မာလိုပြောပြီး မှာစားလို့ရပါတယ်။ အိမ်နဲ့ သိပ်မဝေးလှပေမယ့် နှစ်တိုင်း ရေသွားဆော့လေ့တော့ မရှိပါဘူး။ သင်္ကြန်အစီအစဉ်ကို တီဗီကနေ တစ်နေ့လုံး တိုက်ရိုက် လွင့်ပေးတာကြောင့် ရေစိုစရာ မလိုပဲ အိမ်က ကြည့်ရတာလည်း အရသာ တစ်မျိုးပါပဲ။ သူငယ်ချင်းတွေကတော့ ရေလာဆော့ရင်း ကျွန်မ ဆီလာလည်ကြပါတယ်။ သူငယ်ချင်းတွေစုံနေတာနဲ့ မုန့်လုံးရေပေါ် လုပ်ဖြစ်သွားတယ်။ ပထမဦးဆုံး ကိုယ်တိုင် လုပ်တဲ့ မုန့်လုံးရေပေါ်လေးပေါ့။ လုပ်ရတာ လွယ်ပေမယ့် ကောက်ညင်းမှုန့်ကို ရေဖျော်ပြီး နယ်ရတာ လက်တောင် ညောင်းတယ်။ ကောက်ညင်းက စီးပြီး ကပ်နေတော့ မနည်းနယ်လိုက်ရတယ်။ သူငယ်ချင်းများနဲ့စုပြီ တိုက်ရိုက်လာတဲ့ သင်္ကြန်အစီစဉ်လေးကြည့်ရင်း မုန့်လုံးရေပေါ် လုံးဖြစ်ကြတယ်။ မုန့်လုံးရေပေါ်လုပ်ရတာ အရမ်းလွယ်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ သုံးမျိုးထဲပါ။
၁။ ကောက်ညှင်းမှုန့်
၂။ ထန်းညက်
၃။ အုန်းသီး တို့ပဲ ဖြစ်ပါတယ်။
Justify Full

ကိုယ့်ဘာသာ လက်တည့်စမ်းတဲ့ မုန့်လုံးရေပေါ်မို့လို့ ကောက်ညှင်းကိုတော့ ချိန်မနေတော့ပါဘူး။ လိုသလောက် နယ်မယ့် အိုးထဲ ထည့်လိုက်တယ်။ ပြီးတော့ ရေနွေးနွေးလေး လောင်းပြီး တစ်ဖြေးဖြေးချင်း မာလာတဲ့အထိ နယ်ရပါတယ်။ မာလာပြီဆိုရင်တော့ ကောက်ညှင်းထဲ စိတ်ထားတဲ့ ထန်းညက်လေးတွေ ထည့်ပြီး လုံးလိုက်တယ်။ ဆူနေတဲ့ ရေနွေးပွက်ပွက်ထဲ ထည့်ပြုတ်ရုံပါပဲ။ ရေပေါ်မှာ ပေါ်လာရင်တော့ ဆယ်ပြီး ရေအေးထည့်ထားတဲ့ ဇလုံထဲ ထည့်ကာ အအေးခံလိုက်တယ်။ ရေထဲက မုန့်လုံးရေပေါ်လေးတွေကို ဆယ်ပြီး အုံးသီးဖတ်လေးတွေ အပေါ်ကဖြူးလိုက် စားချင်စဖွယ် မြန်မာရိုးရာ မုန့်လေးရလာပါတယ်။
သင်္ကြန်ရေနဲ့ မုန့်လုံးရေပေါ်
ရေစိုစိုနဲ့ မုန့်လုံးရေပေါ်
ပိတောက်ပင်အောက် မုန့်လုံးရေပေါ်
သင်္ကြန်ကားပေါ်က မုန့်လုံးရေပေါ်....
ဟိုနေရာလည်းသူ..
ဒီနေရာလည်းသူ

သင်္ကြန်ရေစိုစိုနဲ့ စားလိုက်ရတဲ့ မုန့်လုံးရေပေါ်လေးက သင်္ကြန်ရေတွေနဲ့ အရသာ ထူးကဲလှပါတယ်။ ဘလော့က မောင်နှမများ မနေ့က ရေလိုက်လောင်းပြီးလို့ ဒီနေ့ မုန့်လုံးရေပေါ်လုပ်ကျွေးလိုက်ပါတယ်။ အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်မှာ မုန့်လုံးရေပေါ်လေးစားရင် ပျော်ရွှင်ကြပါစေ...။ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လုံးရေပေါ်လေးစားရင်း မြန်မာပြည်ကြီးကို လွမ်းနေမိလိုက်သေးတယ်....။
ဒီနေရာမှာတော့ အလွမ်းတွေ တူနေကြမယ်ထင်ပါတယ်လေ။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

Comments

Unknown said…
ကျွန်တော်လည်း မုန့်လုံးရေပေါ်လုပ်မလို့ပဲ
အဲဒီ မုန့်နှစ်ကို ဘယ်လိုကြံလို့ ကြံရမလဲမသိတာနဲ့ပဲ လက်လျော့လိုက်ရတယ်...
အစ်မတို့က နည်းနည်းတော်ပါသေးတယ်။ သင်္ကြန်အငွေ့အသက်လေးနည်းနည်းရသေးတယ်။ ကျွန်တော်တို့ဆို တစ်မြို့လုံးမှ မြန်မာဆိုလို့ သူငယ်ချင်းငါးယောက်ပဲရှိတော့ ဘာမှလဲ မလုပ်ဖြစ်၊ ကျောင်းကလည်းတက်ရသေး... တော်ပြီ။ ဘာပဲ ပြောပြောမုန့်လုံးရေပေါ် အတွက် ကျေးဇူး....
ရေလည်းလောင်းမယ်ဗျာ.. ဗွမ်း... အဝေးရောက်မြန်မာတွေအတွက်တော့ အွန်လိုင်းပေါ်မှာပဲ သင်္ကြန်ကျရတယ်။
sosegado said…
ကျေးဇူးတင်စွာဖြင့် မုန့်လုံးရေပေါ်စားသွားပါတယ်။
စကားမစပ်၊
သင်္ကြန်အစီအစဉ်ကို တီဗီကနေ တစ်နေ့လုံး တိုက်ရိုက် လွင့်ပေးတယ်ဆိုတာ၊ တီဗီလိုင်းကလွင့်တာလား၊ စီစဉ်တဲ့သူတွေကလွင့်ပေးတာလား၊ မြန်မာပြည်မှာတောင် မရှိဘူးထင်တယ်၊ ကောင်းလိုက်တာ၊
ရေ..ရေပေးပါ
မုန့်လုံးရေပေါ်ကို ငတ်ကြီးကျပြီး
နင်းကန် စားမိလို့ စာပိုးနင့်နေတယ်......
အာ စပ်တယ်ဗျ ...
ငရုတ်သီးတွေ ထည့်လုံးထားတယ် ...
တော်ပြီ မစားတော့ဘူး .. နောက်ထပ်ပေးအုန်း .. အဟီး ...း)

လွမ်းမိတယ်သင်္ကြန်ရယ်
ရေပေါ်တဲ့ မုန့်လုံး
သာကူလုံးလုံးလေးတွေကိုလည်း လွမ်းတယ် ...
ခုချိန်ဆို ငါးပုံပုံ တစ်ပုံလောက်ပဲ ရေကျတဲ့ ရေပိုက်လေးကိုလည်း လွမ်းတယ် ...
အင်္ဂဒေတွေ ပေါက်ပြဲနေတဲ့ အိမ်ရှေ့က လမ်းလေးကိုလည်း လွမ်းတယ် ...
တရားကမ္မဌာန်းတွေ ရှုမှတ် နှစ်ဆန်းတစ်ရက်ကိုလည်း လွမ်းတယ် ...
နှစ်ဆန်းပြီးရင် အရမ်းကြောက်နေရတဲ့ စာမေးပွဲ ရလဒ်ကိုလည်း လွမ်းတယ် ...
ပြန်လာခဲ့ပါ လည်ချင်လို့ပါ ပြောပြီး ခုတခြားတယောက်နဲ့ ပျော်နေမယ့် သူ့ကိုလည်း လွမ်းတယ် ...း((
မြတ်မွန်ရေ...ညီမလေး....
ကိုဏီးက မုန့်လုံးရေပေါ်ကြိုက်ဖူးရယ်ဗျ......။
ထူးထူးဆန်းဆန်းနော်.......း))
ထန်းလျှက်ခဲကြီးဝါးမိရင် ကျလိကျလိဖြစ်လွန်းလို့လေ...။
ဒါဘေမဲ့ မုန့်လက်ဆောင်းတို့...၊ သာကူတို့ကျတော့ သေအောင်ကြိုက်ဗျ.............း))
နှစ်သစ်မှာ အစစ အဆင်ပြေပျော်ရွှင်ပါစေညီမလေးရေ....။
ကိုဏီဆုတောင်းပေးပါတယ်....။
စာတွေလည်း အများကြီးရေးနိုင်ပါစေလို့....။
ခင်မင်တဲ့
ဏီလင်းညို
Anonymous said…
ဒီနေရာမှာတော့ အလွမ်းတွေ တူနေကြမယ်ထင်ပါတယ်လေ။....

ဟဟ.. ဒီလိုလေးလည်း ရေးတတ်တာပဲနော်..
တူပါ့ တူပါ့ ကျောက်ခဲပစ်မလွဲ နဖူးနှင့်ဒူး တည့်တည့်ကြီးကို မှန်လိုက်တယ်.. ဒေါက် ဒေါက် အားပါးပါး..း)

စိုင်း
အဲဒီနေ့က တီဗီမှာ ထိုင်ကြည့်နေရင်း ခဏတော့ သွားလိုက်အုံးမှပဲ ဆိုပြီး ရောက်သွားသေးတယ်။
စိတ်ထဲမှာ ထူးထူးခြားခြား မပျော်လို့ ဓါတ်ပုံနဲနဲ ရိုက်ပြီး အိမ်ပြန်လာခဲ့တော့တာ။
အဲဒီနေ့က မုန့်လုံးရေပေါ်ရော သာကူရော လာပို့တဲ့သူရှိလို့ စားလိုက် သောက်လိုက် ရသေးတယ်။
ညက်မွှန်ကို အိုးမဲကိုဆီလူးပြီး သုတ်သွားတယ်
ရေခဲရေတစ်ပုံးလုံးနဲ့ ခေါင်းပေါ်ကလောင်း သွားတယ်။

((((((ဗွမ်း))))))
said…
ငယ်ငယ်လေးကတည်းက ခုထက်ထိမရိုးနိုင်အောင် ကြိုက်မိတဲ့ စားစရာလေးတစ်ခုပါ။ ကြွေးမွေးတဲ့အတွက် ကျေးဇူးပဲ မြတ်မွန်ရေ....
မွန်ရေ...
မုန့်လုံးရေပေါ်လာစားတယ် နောက်ကျနေလို့ ဂျင်းဖို့ရော ကျန်သေးရဲ့လား... :)))


ချစ်တဲ့
ဒီမှာလည်း နောက်တစ်ခါ ထပ်ဆော်သွားတယ်ကွာ . .အားပါး ဗိုက်ကို တင်းသွားတာပဲ။
ဗိုက်တင်းသွားတော့. . .
ကဲကွာ . .အိုးမည်းသုတ်တယ်. . . ပေါင်ချိန်မြတ်မွန်လေး ဖြစ်သွားပြီ။

ဗွမ်း. . . .

ရေနဲ့လည်း အရမ်း ကစ်သွားတယ်။
ဟုတ်တယ် ကိုဆိုဆီရေ..တီဗီလိုင်းက တိုက်ရိုက်လွင့်တာပါရှင်..။
ကျွန်မတို့နေတဲ့ မြို့ကလူကြီးက လုပ်ပေးတာလေ..မြန်မာပြန်တွေ အတွက် ပျော်ပွဲရွှင်ပွဲပေါ့ရှင်..။

မုန့်လုံးရေပေါ်စားသွားတဲ့
သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်..
ပျော်ရွှင်ဖွယ်နှစ်သစ်လေး ဖြစ်ပါစေ..
ဒီနေ့မှတွေ့ရတာနာလိုက်တာနော် မုန့်လုံးရေပေါ်ဆိုသိပ်ကြိုက်

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား