Posts

Showing posts from May, 2010

ရေသန့်ဗူးခွံအတ္တ

ကျွန်မ လုပ်တဲ့ ကုမ္ပဏီအနီးနားမှာ စက်ရုံတွေ ကျောင်းတွေ ရှိတာကြောင့် ထမင်းစားချိန်ဆိုရင် ဆိုင်တိုင်းလိုလို လူများပါတယ်။ ဆိုင်တွေက ပစ်တဲ့ တစ်ခါသုံး ရေသန့်ဗူးတွေ စက္ကူ ပန်းကန်တွေ ခွက်တွေကို ကောက်တဲ့ အသက်ကြီးကြီး အဖိုးအိုတွေ အဖွားအိုတွေကလည်း များသားရယ်။ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ စက္ကူဗူးတွေ ရေသန့်ဗူးတွေ လိုက်ကောက်နေရတာ မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေဗူးတွေ ခွက်တွေ ပေါတဲ့ နိုင်ငံဆိုတော့ လွှတ်ပစ် ပစ္စည်းတွေကလည်း များပါတယ်။ အိမ်မှာဆိုရင် စက္ကုဗူးတွေကို သေသေခြာခြာခေါက်၊ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေဆိုရင် ခြေထောက်နဲ့ ပြားနေအောင်တက်နင်း၊ အိတ်တစ်အိတ်ထဲမှာ ထည့်ပြီး လိုက်ကောက်တက်တဲ့ အဖိုးအဖွားတွေ တွေ့ရင် ပေးပါတယ်။ တစ်ချို့ကတော့ အိမ်က သားသမီးတွေက မစောင့်ရှောက်လို့ ကောက်ရတာဖြစ်ပြီး တစ်ချို့ကျတော့ ပိုက်ဆံရှိရဲ့နဲ့ အပိုဝင်ငွေရအောင်ဆိုပြီး ကောက်တာလို့ တစ်ခါ သတင်းထဲမှာ ဖတ်ဖူးလိုက်သေးတယ်။ အမှိုက်ကား အရှေ့မှာ လမ်းလျှောက်ပြီး အိမ်တွေက လွှတ်ပြစ်တဲ့ စက္ကူဗူးတွေ၊ အအေးဗူး၊ ရေသန့်ဗူး အစရှိတဲ့ ရောင်းလို့ ရတာ မှန်သမျှ ရှေ့က ဦးအောင် လိုက်သိမ်းတတ်ကြတယ်။ တစ်ခါတစ်လေ ကောက်တဲ့ လူများတဲ့ အခါ သူထက်ငါ အလုအယက် ကောက်ကြရင်း

နှင်းဆီခင်းရဲ့သူငယ်ချင်း

တစ်နေ့မှာ လမ်းသွားလမ်းလာ ခရီးသည် တစ်ဦးက အလွန်မှမွှေးကြိုင်လှတဲ့ မြေကြီးတွေကို လမ်းသွားရင်း တွေ့လိုက်တယ်။ မွှေးလွန်းလို့ မြေကြီးပုံက မြေကြီးအနည်းငယ်ကို အိမ်သို့ ယူလာခဲ့တယ်။ အချိန်တွေကြာလာပေမယ့် မြေကြီးရဲ့ အမွှေးရနံက ပြောက်ပြယ်သွားတယ် မရှိဘူး။ မြေကြီးဘာလို့ မွှေးရတာလည်း ဆိုတာကို ထိုလူက သိချင်လာတယ်။ ဒါနဲ့ပဲ မြေကြီးကို မေးလိုက်ကြည့်တယ်။ ခရီးသည် ။ ။ ကိုမြေကြီး ခင်ဗျာ ။ ခင်ဗျား မြေကြီးက ဘာလို့မွှေးနေရတာလဲ? မြေကြီးစဖြစ်ကတည်းက မွှေးတာလား? အမွှေးရနံတွေ ဖြန်းထားလို့လားခင်ဗျာ? မြေကြီး ။ ။ မဟုတ်ပါဘူး ။ကျွန်တော်က ရိုးရိုး မြေကြီးပါပဲ ခင်ဗျာ။ ခရီးသည်။ ။ ဒါဆို ဘာလို့ အမွှေးနံတွေ ရနေတာလဲဗျ။ မြေကြီး ။ ။ သြော် ။ ဒါလား အဲတာ ကျွန်တော့် သူငယ်ချင်း နှင်းဆီပင်တွေကြောင့်ပါ ခင်ဗျာ။ ကျွန်တော်က နှင်းဆီ အခင်း တောကြီးထဲမှာ ကြီးပြင်းလာတာကြောင့်ပါ။ ကိုယ်ပေါင်းသင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းတာ ကြာလာလေ ထိုလူရဲ့ အကျင့်စရိုက်က ကိုယ့်ကို အနည်းနဲ့အများတော့ ရိုက်ခက်လာတက်ပါတယ်။ မြေကြီးက နှင်းဆီးအခင်းကြီးထဲမှာ ကြီးပြင်းလာတာ ကြာတော့ နှင်းဆီးတွေရဲ့ ရနံက သူကိုယ်မှာ စွဲကပ်လာခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင

တုနှိုင်းလို့မမှီ

စိတ်နှလုံးကို ရွှင်ပြုံးစေလို့ လူအပေါင်းအား လူလောကသို့ ပို့ဆောင်ပေးသော အမျိုးသမီး အမိမည်၏။။ ငယ်စဉ်ဘဝ အစဉ်လမ်းပြ ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း အမိဆရာ။ ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ မုန်းတယ်ဘယ်ခါ မရှိလင့်ကာ ချစ်ခြင်းတွေတာ အသက်ပမာ အမိချစ်သား။ ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း ယူဇနာပေါင်း တစ်သန်းနှစ်သောင်း နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ အမိမေတ္တာ။ ဤလောကတွင် ပြောမကုန်နိုင် အမိကျေးဇူး မြဲစွာမှတ်လေ ဘယ်အခါခါ ဘယ်ချိန်တမ်းတ အမေ့ရဲ့ထာဝရမေတ္တာ တုနှိုင်းလို့မမှီသာ။ နှစ်စဉ်နှစ်တိုင်း ၅လပိုင်းရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိကြတဲ့ အမေတိုင်း ပျော်ရွှင်ကြပါစေ။ နေ့တိုင်းမှာ အမေရဲ့ ကျေးဇူးကို ရင်ထဲမှာ အစဉ်သိနေပေမယ့် ဒီနေ့ကတော့ အမေအတွက် အမှတ်တရနေ့လေး အဖြစ်သတ်မှတ်ထားတာကြောင့် အမေကို ကြည်နူးစေမယ့် အပြုအမူလေးတွေ ခါတိုင်းနေ့လေးတွေလို မတူညီတဲ့ ခံစားချက်လေးတွေဖြစ်အောင် မှတ်မှတ်ရရ တစ်ခုခုပေးရအောင်လား။ အမေကို ဖက်ပြီး “ မေမေ အမြဲတမ်းကျန်းမာ ပျော်ရွှင်ပါစေ။ အစဉ်ထာဝရ လှပနေပါစေ။ မေမေက သားသမီးတွေအတွက် မရှိမဖြစ် အစဉ်ထာဝရ အလိုအပ်ဆုံးသော မေမေပါလို့ ” မေမေကို ပြောပြီး တစ်ချက

စံပယ်တစ်ပွင့်ရဲ့ ရင်ခတ်သံ

ဝရန်တာလေးမှာမေးထောက်လို့.. ဟိုအရင် ဆုံခဲ့ဖူးတဲ့ နေ့ရက်တွေသို့.. စိမ်းရင့်ရင့် တောင်တန်းတွေကို ငေးကြည့်စဉ် ဘေးနားက စံပါယ်ရုံလေးက မေးတယ်.. ငါ့ပန်းလေးတွေ လှရဲ့လားသခင် ဟုတ်ပါရဲ့.. ဖြူစင်စွာ လှပနေတဲ့ နဘေးနားက ပန်းလေးတွေမှ အားမနာ... ပန်းလေးတွေရဲ့ရနံလေးကိုမှ အားမနာ.. ပေးဆပ်နေတဲ့စံပါယ်ရဲ့ အစွမ်းကိုမှ အားမနာ.. ငါ့နံမည်က စံပါယ်မို့လို့ ပယ်ထားတာလား သခင်ရယ်.. ငါက မင်းအနားမှာရှင်သန်နေပြီး ရင်ထဲက လူလောက် မစွမ်းဘူးပေါ့..။ မဟုတ်ရပါ စံပါယ်ရယ်.. အပြုံးတွေ ဝေဆာအောင် ဆေးချယ်ထားပေမယ့်.. ငါ့ရင်ထဲက တစ်စတစ်စ လောင်မြိုက်နေတဲ့ ကျိတ်မီး မင်းမှမမြင်နိုင်တာ.. မင်းရနံတွေကတော့ ငါ့ရင်ကိုအေးမြစေတာတော့မှန်ပါတယ်။ ဒါဆိုရင်တော့ ..သခင် မင်းနှစ်သက်လို့ တယုတယ စိုက်ပျိုးထားတာ.. ငါဟာ မင်းရဲ့အဖြည့်ခံ အဖြစ်ပေါ့ ဟန်ဆောင်ထားတဲ့မင်းရဲ့နမ်းရှိုက်ခြင်းတွေက ငါ့ရနံတောင်ပျက်ပြယ်ခဲ့စေတယ်...။ မြတ်မွန်