Posts

Showing posts from June, 2010

ဘဝအမှောင်ည

{သူမ ကျွန်တော်အပေါ် ကောင်းသလောက် ကျွန်တော် သူမအပေါ် တာဝန်မကျေခဲ့တဲ့ အချက်များစွာရှိခဲ့ပါသည်။ ကျွန်တော်သည် အပေါင်းအသင်းမင်သူတစ်ယောက်ဖြစ် သည်။ ထိုအပေါင်းအသင်မင်မှုနှင့် သူမ အပေါ် အလေးမထား မှုတွေက ကျွန်တော်အတွက် အကြီးမားဆုံး နောင်တ တစ်ခုကို ရစေနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပါ။ } ~~~~@~~~~ ကျွန်တော်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က မိဘသဘောတူသည့် မိန်းခလေး တစ်ယောက်ကို လက်ထပ်ခဲ့သည်။ ကျွန်တော် ကံကောင်းသည်မှာ သူမရဲ့အလှသည် အေးချမ်းလွန်းလှသလို သူမရဲ့နေပုံထိုင်ပုံက ညင်သာနူးညံ့လွန်းသည်။ သူမသည် ဘာအပြစ်မှ ပြောစရာ မရှိလောက်အောင် အလိုက်တသိဖြင့် မယားဝတ်တရားနှင့် အညီနေတတ်သော မိန်းမတစ်ယောက်လည်းဖြစ်သည်။ ကျွန်တော်အပေါ် တာဝန်ကျေလွန်း၍ သူမကို ချစ်မြတ်နိုး စရာကောင်းသော မိန်းမတစ်ယောက်အဖြစ် သံယောဇဉ်တွေ တဖြည်းဖြည်း တိုးပွါးလာရသည်။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ဖို့ လက်စွပ်လေးတွေ သွားကြည့်စဉ်က သူမသည် လက်စွပ်မယူဘဲ ဖုန်းတစ်လုံးလောက် လိုချင်သည်ဟု ပူဆာခဲ့ဖူးသည်။ လက်ထပ်လက်စွပ်ထက် သူမအတွက် ဟန်းဖုန်းတစ်လုံးက အရေးကြီးသည် ဆိုတာကို အိမ်ထောင်ကျပြီးမှ သိခဲ့ရသည်။ ကျွန်တော် အလုပ်လုပ