Posts

Showing posts from August, 2010

နောက်နေ့ပေါင်းများစွာ

ခုတစ်လော လှေခါးအတက်အဆင်း မောပန်းသည့် ဝေဒနာကို ခံစားမိသည်။ အရင်လို ဖျက်လက် တက်ကြွမနေတော့တာ သေခြာသည်။ မျက်စိတွေက တစ်နေ့တစ်ခြား မှုန်ဝါးလာသည်။ မနက်ဘက် အလုပ်သွား ဆိုင်ကယ်စီးရင်တောင် မျက်လုံးတွေက အရှေ့က ဆိုင်ကယ်ကို မမြင်ရတော့ ဆိုင်ကယ်စီးဖို့တောင် ကိုယ်ကိုကိုယ် အန္တာရယ်များလိုက်တာလို့ တွေးမိလိုက်သေးသည်။ ပူလွန်းသည့် နေမင်းက အသားအရေတွေကို မီးနှင့်ထိုးနေသလား ဆိုပြီး အလိုလို ဒေါသ ထွက်လာကာ မဆီမဆိုင် နေမင်းကို အပြစ်တင် ကျိန်ဆဲလိုက်သေးသည် ။ နေပူရှိန်ကြောင့် ဦးနှောင့်တွေက ပူလောင်လာကာ အလုပ်မရောက်ခင် ပင်ပန်းနွမ်းနယ်နေချင်ပြီ။ မနက်ခင်း အလုပ်ရောက်တာနှင့် ကွန်ပြူတာဖွင့် တစ်နေ့တာ လုပ်စရာတွေ မြန်မြန်လေးလုပ်ရင်း ဘလော့လေးကို အချိန်ပေးဖို့ ကြိုးစားကြည့်သည်။ ဟိုတစ်လောက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို တာဝန် ယူထားရ၏။ NOKIA ပစ္စည်းတဲ့ သေသေခြာခြာ လုပ်ပါ အရေးကြီးသည်လို့ အထက်လူကြီးက မှာထားတော့ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ပြီး ဘလော့ကို လည်း ပစ်ထားလိုက်သည်။ အွန်လိုင်းဆိုတာ ဝေးရော။ ခုတော့ တာဝန်ယူရသည့် ပစ္စည်းတွေ လုပ်တာ ပြီးသွားသလောက် ရှိတော့ စိတ်ပေါ့ပါးသွားရပြန်၏။ အလုပ်ကိစ္စ စိတ်သက်သာ သွားတော့ နောက်ထပ် အလုံးကြီးတစ်ခု