Posts

Showing posts from October, 2010

ဘယ်တော့မှ မမေ့ပါဘူး

ကျွန်မကို နယ်မြို့ကလေးတစ်မြို့မှာမွေးဖွားခဲ့သည်။  မွေးဖွားပြီးသည့်နောက် မေမေကမီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရသည်။ မိတဆိုးလေးဖြစ်ခဲ့ရသည့် ကျွန်မကို ဖေဖေက သူ့ဘဝတစ်ခုလုံး ပုံအောပြီး အချစ်ပိုခဲ့ပါသည်။ ကျွန်မက ဖေဖေ၏ အသဲနှလုံးဖြစ်သလို သူ့ဘဝ သူ့မျှော်လင့်ချက်တခုဆိုတဲ့ လွမ်းဆွတ်တမ်းတမှုအငွေ့အသက်လေးပါတဲ့ စကားတခွန်းကို ကျွန်မသိတတ်စ အရွယ်ထဲက မကြာခဏကြားနေခဲ့ရသည်။  တကယ်လည်း ဖေဖေကျွန်မကို သိပ်ချစ်ခဲ့ပါသည်။ မေမေဆုံးပါးသွားတော့ ဖေဖေ့ အစ်မဖြစ်သည့်  အဒေါ်ကြီး၏ လက်ပေါ်တွင် ကျွန်မ၏ ငယ်ဘဝသည် မောင်နှမသားချင်း မရှိဘဲ ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်မ၏ ကစားဖော် ကစားဖက်မှာ ဖေဖေဖြစ်ခဲ့သည်။ ဖေဖေအလုပ်က ပြန်လာချိန်တိုင်း ကျွန်မ ဆော့ကစားချင်သည့် ကစားနည်းမျိုးစုံကို မငြီးမငြူ အဖော်လုပ်ပေးလေ့ရှိသည်။ ယခုအချိန်ထိ ပြန်တွေးမိတိုင်း ဖေဖေ့ကို ကျေးဇူးတင်ရင်း သနားနေမိတော့သည်။ ဖေဖေ့ခမျာ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာချိန်မှာတောင် အဆင်သင့် ခူးခပ်ကျွေးမွေးပြုစုစောင့်ရှောက်မည့် အိမ်ရှင်မမရှိသည့်အပြင် သမီးဖြစ်သူ ကျွန်မအလိုကို လိုက်ပြီး မငြီးမငြူ အဖော်လုပ် ဆော့ကစားပေးခဲ့ရှာတာတဲ့ ကျွန်မငယ်ဘဝကိုတွေး