Posts

Showing posts from March, 2010

ခန္ဓာရပ်ချိန်

ဘယ်အရာမဆို တည်တံခြင်း နဲ့ ပျက်စီးခြင်း အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ.. အချိန်တွေ ကြာလာလေ အသုံးပြုတာ များလာလေ ပျက်စီးဖို့ အခွင့်ရေးပိုများလေ.. ဘဝတစ်လျှောက်လုံး ခွန်အားတွေကို ထုတ်ပိုး ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ် လောင်စာတွေကုန်ခမ်း လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန် ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။ ချစ်ခင်လေးစားစွာဖြင့် မြတ်မွန် ps;ဘယ်လောက်ချစ်လှပါတယ်ဆိုတဲ့ လူပဲ ဖြစ်ဖြစ် တစ်နေ့ ကိုယ့်လမ်းကိုလျှောက်ရမှာပါ..။ ဘယ်သူမှ ဆွဲထားလို့ မရနိုင်ပါဘူး။ ထွက်သွားတဲ့ နောက်ဆုံး အချိန်လေးမှာပဲ နောက်ကျောကို ကြည့်ရင်း ဆုတောင်းပေးနေရုံပါပဲလေ..။ အမှန်တကယ် ခန္ဓာချုပ်ငြိမ်းချိန်ကို မရောက်သေးသ၍ သူရဲ့ရှေ့ဆက်ရမယ် နောက်ဘဝဆိုတဲ့ ခရီးပေါင်းများစွာအတွက်..။

ရှင့်ဟွှားဥယာဉ်သို့

Image
ရှင့်ဟွှားလင် ( 杏花林 )ဆိုတဲ့နေရာလေးကို စိတ်ပြေလက်ပြောက် သွားခဲ့တယ်။ ထိုင်ပေ တိရစ္ဆာန်ရုံကို သွားတဲ့ လမ်းအတိုင်း သွားရင် ရောက်နိုင်ပါတယ်။ တိရစ္ဆာန်ရုံကို သွားတဲ့လမ်းရဲ့ဘေးနားက တောင်တက်လမ်းလေး အတိုင်းတက်လာရင် တောင်ရဲ့အပေါ်ဆုံးမှာ ရှင့်ဟွားပန်းလေးတွေ ပွင့်နေတဲ့ တောအုပ်ကလေးကိုတွေ့ရမှာပါ။ လမ်းတလျှောက်မှာလည်း မောင်းခုန်း ( 貓空)သို့ ဆိုတဲ့ ကောင်းကင်ကြိုးရထားလုံးဂိတ်ကို ညွန်းတဲ့ ဆိုင်းဘုတ်လေး တွေကို တွေ့ရမှာပါ။ လိပ်စာကတော့ 杏花林休閒農場位於台北市文山區老泉街45巷30號 ဆိုတာလေးပါ။ ထိုင်ပေက သူငယ်ချင်းများ ဓာတ်ပုံရိုက်ချင်ရင်ပဲဖြစ်ဖြစ် လာလည်လို့ရအောင် လိပ်စာလေးပါ ရေးပေးထားပါတယ်။ ဘလော့က သူငယ်ချင်းများကိုလည်း စိတ်ဝင်စားရင် လာလည်ဖို့ ဖိတ်ပါတယ်။ မသွားတတ်ရင်တော့ မွန်တို့ကိုယ်တိုင် လိုက်ပို့ပါမယ်။ တောင်တက်လမ်းလေးက သိပ်မကျယ်လှပေမယ့် ကားနှစ်စီးလောက်တော့ သွားလို့ရနိုင်ပါတယ်။ မိုလေးဖွဲဖွဲမို့ ကားလမ်းတစ်လျှောက်လုံးက စိုစွတ်စွတ် နိုင်လွန်းလှတယ်။ တောင်ပေါ်ရောက်လေလေ ဘယ်က ဝင်လာမှန်းမသိတဲ့ လေအေးတွေက ကားမှန်တွေပိတ်ထားပေမယ့် ကားထဲမှာ ထိုင်နေရင်းနဲ့ကို ချမ်းစိမ့်စိမ့် ဖြစ်လာစေတယ်။ တောင်ရဲ့အပေါ်ကိုရောက်တော့ တိမ်တိုက်လေးတွေတောင် ဘေးနားက

wake up honey

Image
လေလှိုင်းလေးတွေကို ဖြတ်သန်း ချိုအီစေတဲ့ အသံလှိုင်းလေး တစ်ခုရယ် အေးစက်တဲ့ နံနက်ခင်းလည်း သင့်ကြောင့်....နွေးထွေးသွားစေခဲ့ ပြီ သာယာငြိမ့်ဝဲတဲ့ လေစီးကြောင်းလေးထဲ နံနက်ခင်းတိုင်း ရောက်ရောက်လာတက်တယ် ခန်းစီးတွေအမှောင်ချထားလည်း အခန်းထဲမှာ တောက်ပသွားခဲ့တယ် ပျော်ရွှင်ခြင်းတွေ လင်းပ ကြည်လင်စွာပဲ နိုးထ ခဲ့တယ် ဒါဟာ.....တကယ်တော့ သင်ဖန်ဆင်းတဲ့ ချိုမြိန်တဲ့ မနက်ခင်းလေးပေါ့..။ မြတ်မွန်

ဝယ်ချင်တဲ့လက်ဆောင်တစ်ခု

အဖေ ရဲ့အလုပ်ဆင်းချိန်က နောက်ကျလွန်းတယ်။ ကလေးက အဖေပြန်လာချိန်လေးကို တံခါးဝလေးနား မှီရင်း စောင့်လေ့ရှိတယ်။ အဖေ ပြန်လာတာကို တွေ့လိုက်တော့ အားရဝမ်းသာ ဆီးကြိုလိုက်တယ်။ "အဖေ သားတစ်ခုလောက် မေးလို့ ရမလား။ " "ရတာပေါ့ မေးလေ" " အဖေ အလုပ်လုပ်တာ တစ်နာရီကို ပိုက်ဆံ ဘယ်လောက်ရလဲ " "အဲတာ မင်းနဲ့ ဘာဆိုင်လဲ မေးပြီး ဘာလုပ်မလို့လဲ" ကလေးလေးက အဖေကို တောင်းတောင်းပန်ပန်နဲ့ ထပ်မေးရှာတယ်။ "ဘာမှ မဟုတ်ပါဘူး အဖေ။ အဖေရဲ့ တစ်နာရီ လုပ်အားခကို သိချင်လို့ ပြောပြပါလား" "အဲလောက်သိချင်နေတာဆိုတော့ အေး ပြောပြမယ်ကွာ ။ တစ်နာရီကို ၂၀ ရတယ်ကွာ" "သြော်...." "အဖေ သားကို တစ်ဆယ်လောက် ချေးပါလား" အဖေက ဒေါသ ထွက်ပြီး "မင်း ငါ့ကို ဟိုမေး ဒီမေး မေးပြီး အရုပ် ဝယ်ဖို့ ပိုက်ဆံ လာတောင်းနေတာဆိုရင် ကိုယ့်အခန်း ကိုယ်ပြန်။ သွားအိပ်တော့ ။ အလုပ်က ပြန်လာတာ ပင်ပန်းရတဲ့ အထဲ မင်းနဲ့ ဆော့ဖို့ အချိန် မရှိဘူး။ သွား သွားအိပ်တော့။" ကလေးလေးက အဖေ စိတ်ဆိုး သွားမှန်း သိတော့ သူအခန်းလေးထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် တက်ပြီး အိပ်နေလိုက်တယ်။