Posts

Showing posts from 2011

သိုးမွှေးတဘက်ထိုးနည်း

Image
ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရ အဖြစ် သိုးမွှေးထိုးနည်းလေး သင်ပေးမယ်။ မိန်းကလေးတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ငယ်ငယ်လေးကထည်းက ဝါသနာပါခဲ့ပါတယ်။ အကြိမ်ကြိမ် အခါခါ သင်ဖူးပေမယ့် တစ်ခါမှ တဘက်တစ်ထည် ဖြစ်မြောက်အောင် မထိုးခဲ့မိဘူး။ ဒီနည်းလေးနဲ့မှ တဘက်တစ်ထည် ဖြစ်မြောက်သွားတယ် ဆိုပါတော့။ အရမ်းလွယ်လို့ မျှဝေလိုက်ပါတယ်နော်..။ ၁။ ကြိုးလေးတွေကို ရစ်ဖို့ ပုံမှာ ပြထားတဲ့ တိုင်ခုံလေးတစ်ခု လိုပါမယ်။ ဒီမှာတော့ စာအုပ်ဆိုင်၊ သိုးမွှေးထိုးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ၂။ သိုးမွှေးထိုး အပ်တစ်ချောင်း လိုပါမယ်။ ၃။ နောက် ကိုယ်သုံးမယ့် သိုးမွှေးချည် ပေါ့။ ချည် အပွ အကျစ် အပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ တိုင်ခုံလေးတွေကို ရွေးရမယ်။ အပွဆိုရင် တိုင်ကျဲတာကို သုံးပေါ့။ ကျွန်မတော့ နားမလည်ရင် သိုးမွှေးချည်တွေ ရောင်းတဲ့ ဆိုင်က အဖွားအိုကိုမေးပါတယ်။ ၄။ ဒီသုံးမျိုးလုံး ပြည့်စုံပြီ ဆိုရင်တော့ သိုးမွှေးစထိုးလို့ရပါပြီ။ ပထမဆုံး တိုင်ခုံလေးပေါ်မှာ သိုးမွှေးကြိုး အတိုအစလေးတစ်ချောင်းကို ခင်းထားလိုက်ပါ။ ၅။ ရှေးဦးစွာ စထိုးမယ့် ချည်လုံးရဲ့ ကြိုးအစလေးကို ခေါက်တုတ်ချီလိုက်ပါ။ ၆။ ခေါက်တုတ် ကြိုးကွ

အိမ်မက်ဆိုးတို့သက်ဝင်ချိန်

Image
စပါးအဝယ်ဒိုင်ထံမှ ပြန်လာကတည်းက ကိုရွှေအေး မျက်နှာမကောင်းသည်ကို ဇနီးဖြစ်သူ မခင်မြင့် သတိထားမိသည်။ ဧကန္တစပါးဈေးကျနေ၍ဟုသာ ထင်မိသော်လည်း ကောင်းသည်ဆိုးသည် ဝင်ပြောလေ့မရှိသူမို့ ကိုရွှေအေးဖွင့်ပြောလာချိန်ကိုသာ စောင့်နေတာ အကောင်းဆုံးဟု တွေးလိုက်သည်။ ကိုရွှေအေးနှင့် မခင်မြင့် တို့၏ အိမ်ထောင်သက်မှာ ကြာမြင့်လှပြီ။ အရာရာ ကိုရွှေအေး သဘောအတိုင်းသာ ဖြစ်စေသဖြင့် ခွန်းကြီးခွန်းငယ် ကတောက်ကစ စကားများဖူးသည် မရှိခဲ့ကြ။ “ဦးလေးမောင် ရေ.. ပြန်တက်ကြစို့” တက်မကိုင်သူ ဦးလေးမောင်ကို လှမ်းပြောသည့် ကိုရွှေအေးစကားကြောင့် မခင်မြင့်ကိုယ်တိုင် အံ့သြသွားရသည်။ ဦးလေးမောင်ကိုယ်တိုင်လည်း အံ့အားသင့်သွားဟန်တူသည်။ မခင်မြင့် မနေသာ၍ ဝင်မေးလိုက်သည်။ “ မနားတော့ဘူးလား အကို.. ပြန်တက်တော့မလို့လား” “မနားတော့ဘူး မြင့်ရယ်။ အကိုတို့ အခုပဲ ပြန်ကြပါစို့။ ဦးလေးမောင် စက်နှိုးဗျာ” မခင်မြင့် နားမလည်နိင်သော်လည်း ကိုရွှေအေး စကားအတိုင်း ပြန်ကြဖို့ ဆုံးဖြတ်လိုက်တော့သည် ။ ကိုရွှေအေးနှင့် မခင်မြင့်တို့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေတစ်စီးဖြင့် အစုန်အဆန် သွားလာကာ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ နယ်များရှိ တန်တစ်ရာဆန်စက်မျာ

ဥပေက္ခာအမှား

Image
ကျွန်တော့်ဘဝတွင် ကြုံခဲ့ဖူးသည့် စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုကို မကြာခဏ ပြန်မြင်နေယောင်မိသည်။ ထိုအဖြစ်အပျက်သည် ကျောင်းမှ အိမ်ပြန်လမ်းတစ်ခုတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ဘတ်စ်ကား မှတ်တိုင်တွင် ကားစောင့်နေကြသည်။ အိမ်ပြန်ရောက်ချင်စိတ်ကြောင့် ဘတ်စ်ကားလာရာဘက်ကို စောင့်ငေးနေသော ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူက အနားကပ်၍ ခပ်တိုးတိုးပြောသည်။ “ဟေ့ကောင်... အရှေ့က ကောင်မလေးကို ကြည့်လိုက်။ ” သူ့စကားကြောင့် ညွှန်ပြရာသို့ ကြည့်လိုက်မိသည်။ ဆံပင်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် လှပကျော့ရှင်းသည်ဟု ယူဆရသည့် အမျိုးသမီးလေး တစ်ယောက်နှင့် သူမနံဘေးနားရှိ ပုပုဝဝ ထိပ်ပြောင်ပြောင် အသက် ငါးဆယ်ခန့်ယောကျာ်းကြီး တစ်ယောက်တို့ဖြစ်သည်။ ကားစောင့်နေဟန်တူသည်။ ဘာမှ ထွေထွေထူးထူး မရှိလှ။ “ဟိုစုံတွဲလား...ဘာထူးဆန်းလို့လဲ။ ” “မင်း မသိမသာ ကြည့်နေ။ ဘေးနားက ဟိုလူကြီး အဲဒီကောင်မလေးကို လက်သရမ်းနေတယ်။ ” သူငယ်ချင်း၏ စကားကြောင့် သူ၏ လေးလံထိုင်းမှိုင်းနေသည့် စိတ်တို့ အဝေးသို့ လွင့်စင်ကာ ထိုကောင်မလေးကို ဂရုတစိုက် စောင့်ကြည့်နေမိတော့သည်။ ကောင်မလေးသည် ပထမရပ်နေသည့် နေရာမှ အနည်းငယ် ရေ

ရယ်ရယ်မောမော

Image
မယူခင်ကတည်းက ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။ ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။ ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။ ကောင်လေး။ အင်း....မင်းသဘောလေ။ ဖြတ်ပါ့မယ်။ ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။ ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ... ဖြတ်မယ်။ ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။ ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။ ~~~~~~~~~~~~~~~~~~~~~ ကြက်တူရွေး လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။ “၃၀၀” “၃၅၀ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။ “၄၀၀” “၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။ “၆၀၀” “၇၀၀” အပြိုင်အဆိုင် ဈေးပြိုင်ပေးရင်းဖြင့် နောက်ဆုံး ကြက်တူရွေးကို ၉၀၀၀ ဖြင့် ထိုလူရရှိသွားသည်။ “ဒါထက်.. ဒီကြက်တူရွေးက စကားရော ပြောတတ်ရဲ့လား။” “ပြောတတ်ပါတယ်ဗျ။ ခုနကတောင် ခင်ဗျားနဲ့ ဈေးအပြိုင်ပေးနေသေးတယ်လေ” ~~~~~~~~~~~~~~~~~~~~~ လက်မှန်လာလို့ပါ ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တ

မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ

Image
ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိ၏။ ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထို