Posts

Showing posts from October, 2012

ႏြားအို

Image
“မောနင်း” “မောနင်းချိုလေး ” ကုမ္ပဏီထဲ အဝင်မှာပင် ချိုလေးက လှမ်းနှုတ်ဆက်သဖြင့် ပြန်နှုတ်ဆက်လိုက်၏။ “နေကောင်းသွားပြီလား” “ကောင်းကောင်းတော့မပျောက်သေးဘူးဟ။ လူကတော့နည်းနည်းနုံးနေသေးတယ်”နေမကောင်း၍ ခွင့်ယူထားရာမှ အလုပ်ပြန်တက်သည့် ကျွန်မကို လုပ်ဖော်ကိုင်ဘက် ဖြစ်သည့် ချိုလေးက သတင်းမေးခြင်းဖြစ်သည်။ ကျွန်မ၏ အလုပ်စားပွဲတွင် ပစ္စည်းများ နေရာချနေစဉ် ချိုလေးက အနားရောက်လာကာ အသာလက်ကုတ်သည်။ ဘာလဲ ဆိုသည့်သဘောဖြင့် ကျမက မေးဆတ်ပြလိုက်တော့ “လေးလေ အလုပ်ထွက်ပြီ သိလား” “ဟင်... ဘာဖြစ်လို့လဲ။ ဟုတ်လို့လား။ မဖြစ်နိုင်တာ”  “တကယ်ပြောတာပါဆို။” “ဟယ် ဘယ်လိုဖြစ်တာလဲ။ စိတ်မကောင်းစရာ” “အေးလေ။ နေအုံးဟာ။ အလုပ်အားမှ ပြောပြမယ်။ ” အလုပ်တက် ခေါင်းလောင်းသံ မြည်နေသဖြင့် ချိုလေးလည်း သူ့နေရာသို့ ပြန်သွားသည်။ ကျန်ရစ်ခဲ့သည့် ကျွန်မမှာတော့ စာပွဲပေါ်က စာရွက်စာတမ်း တစ်ချို့ကို ရှင်းလင်းရင်း ချိုလေးပြောခဲ့သည့် လေးလေအလုပ်ထွက်ပြီဆိုသည့် သတင်းက အတွေးထဲဝင်လျှက်ရှိနေသည်။ ထိုသတင်းက မယုံနိုင်စရာဖြစ်သလို စိတ်မကောင်းစရာသတင်းလည်း ဖြစ်သည်။ လေးလေ၏ လုပ်သက်အရဆိုလျှင် ပင်စင်ယူရန် အချိန်သိပ်မလိုတော့။ နောက် နှစ် နှစ်ခန့်ဆိုလျှင် ပင်စင်ရတော့မည်။ ထို့ကြ