ပြန်လည်ရောက်ရှိ

ရွာပြန်မယ်ပြောနေတာလဲကြာပြီ။ အခုမှပဲ ပြန်ရောက်တော့တယ်။ စိတ်ကတော့ သတိရပေမယ့် စိတ်သွားတိုင်းကိုယ်မပါ ဘဝတွေက မြန်မာပြည်ရောက်မှစတာရယ်။ ၂၀၁၂. ၁၀.၃၀ ရက်ကတည်းက ပြစ်ထားမိတဲ့ အိမ်ကလေးကို အခုမှပြန်ရောက်တယ်။  ၆နှစ်နီးပါး ကြာမြင့်သွားခဲ့တယ်။  အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်။ သတိရပါတယ်။ 

လူမရှိတဲ့အိမ်ကြီးထဲ စဝင်တယ် ဆိုရင်ပဲ သော့အိမ်နဲ့သော့တံ အန်ဝင်ကွင်ကျမရှိတော့သလို ဘလော့စပေါ့ကို ဘယ်ကစဝင်ရမလဲမသိ။ အီးမေလ်ပက်ဝေါ့တွေက ပြန်ရှာ ပြန်ချိန်းရနဲ့။ အိမ်ထဲက အရာအားလုံးကတော့ သူနေရာနဲ့သူ နေသားတကျပါပဲ။ အကောင်းပကတိရှိသေးရဲ့လား ကောက်ကိုင်ကြည့်မိသလိုပဲ နောက်ဆုံးရေးခဲ့တဲ့ စာတိုပေစလေးတွေ လျှောက်ဖတ်ကြည့်။ ဖုန်တက်နေတဲ့ကော်မန့်တချို့နဲ့ ပွထနေတဲ့ ဘယ်ကဝင်လာမှန်းမသိတဲ့ သစ်ရွက်ချောက်သကဲ့လို ကော်မန့်အမှိုက်တွေ ကို စိတ်ရှည်ရှည်နဲ့ လိုက်ကောက်လွှင့်ပြစ်နေရတာ အရင်ကလောက် ကိုယ့်ကိုကိုယ် စိတ်မရှည်တော့မှန်းသတိထားမိတယ်။ ၆နှစ်ဆိုတဲ့ကြာချိန်တခုကလည်း လူတယောက်ပြောင်းလဲဖို့ လုံလောက်တဲ့ အချိန်ကာလတခုပါပဲလေ။  နေ့ဝက်လောက် ရှင်းလင်းရေးလုပ်ပြီး ရွာထဲလျှောက်ပတ်မယ်စိတ်ကူးတယ်။ ဘယ်သူတွေများ ရွာထဲကျန်ရစ်နေအုံးမလဲ။လုံးဝပြစ်ထားတာမျိုးမဟုတ်ပဲ မကြာခဏ ဒီအိမ်လေးထဲ စိတ်အပန်းဖြေရာနေရာတခုအဖြစ်ရှိနေတော့မှာပါ။ ၆နှစ်ဆိုတဲ့ကာလတခုမှာ ပြောစရာစကားတွေ ချပြစရာ ကြွားစရာ အထုပ်အပိုးတွေနဲ့ပြန်လာခဲ့ပြီလေ။

မြတ်မွန်
03.9.2018

8 comments:

rose of sharon said...

Welcome back dear အိမ်ပြန်လည်ကြတာပေါ့ ❤️

မြတ်မွန် said...

ဟုတ်တယ် မမ❤️

Ko Htut said...

အသက်နှင့်ရင်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို မိတ်ဆွေပီပီသသလေးတွေသို့ ရင်ဖွင့်ချင်တော့ရင် လက်ဖက်ရည်တိုက်ပြီးတော့ကို
နားထောင်ချင်စမ်းပါ့ဗျာ

မြတ်မွန် said...

အိမ်ပြန်ရောက်ပြီဆိုတော့ စကားဝိုင်းဖွဲ့ ရှေးဟောင်းနှောင်းဖြစ် ကြားရစေမယ်ပေါ့😁
လာလည်တာကျေးဇူးတငိပါတယ်။

Ma Tint said...

ချစ်စရာစကားလုံးပီပီပြင်ပြင်လေးတွေနဲ့ရွာကိုပြန်လာတဲ့ မြတ်မွန်လေးကို ၀မ်းဝမ်းတသာ ဆီးလို့ကြိုနေပါတယ်ကွယ် ❤️

Ma Tint said...

အပျော်လွန်လို့စကားတွေတောင်မှား .... ဟိဟိ
ဝမ်းပမ်းတသာလို့ရေးတာနော် :P

ko htut said...

တည်တည်ငြိမ်ငြိမ်နဲ့ ရိုးရိုးရှင်းရှင်း အစိမ်းရောင်အပင်တွေ
လှုပ်ခတ်နေတဲ့အရပ် ဘယ်သူရယ်မကြိုက်ရှိပါ့ဗျာ။

မိုးခါး said...

ပြန်လည်ဆုံတွေ့ကြပါစို့ ပေါ့ ... ကိုယ့် ဘလော့လေးလဲ ဖုန်သွားခါဦးမှပါပဲ .. :D <3