Posts

မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ

Image
ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိ၏။ ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထို

ရေကြည်ချမ်းမြ

Image
အခန်း(၁) “ထမင်းစားကြမယ်ဟေ့..” အဖွဲ့ခေါင်းဆောင်၏ ခေါ်သံကြားတော့ အုပ်စိုးတစ်ယောက် ဆောင်းထားသော ဦးထုပ်ကိုချွတ်ပြီး ထမင်းစားရန် လက်သွားဆေးသည်။ ရေထိသဖြင့် လက်ဖဝါးနှင့် လက်ကောက်ဝတ်မှ စပ်ဖျင်းဖျင်း ဖြစ်သွား၏။ ငုံကြည့်လိုက်မိသည့်အခါ သွေးအနည်းငယ် စို့နေသော ပွန်းပဲ့၊ ဒါဏ်ရာတစ်ချို့ကို တွေ့ရသည်။ ထိုထိခိုက်ရှနာများမှ ရေထိသဖြင့် စပ်ဖျင်းဖျင်း ဖြစ်သွားခြင်းဖြစ်သည်။ သိပ်တော့ မထူးဆန်းလှပါ။ ဤအလုပ် စဝင်သည့်နေ့မှ ယနေ့အထိ ငါးရက်အတွင်းတွင် ယခုကဲ့သို့ ထိခိုက် ရှနာများ မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ဒဏ်ရာ အကြီးအသေးသာ ကွာခြားသော်လည်း ဘဝတူ အလုပ်သမားတိုင်း အနည်းနှင့်အများတော့ ထိခိုက်ရှနာ ကြုံကြရစမြဲ ဖြစ်သည်။ တစ်ယောက်တစ်ဗူး ခွဲတမ်းရသော နေ့လည်စာထမင်းဗူးကို စားပြီးသည့်နောက် နေရာလွတ် တစ်ခုတွင် ကျောခင်းလိုက်ပါသည်။ ကြမ်းပြင်ပေါ် ခင်းထားသော ကတ်ထူ စက္ကူပေါ်တွင် ပက်လက်လှဲလိုက်တော့မှ အုပ်စိုး၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲနေမှန်း သတိပြုမိတော့သည်။ အလုပ်စဝင်သည့် နေ့ကတည်းက ဤနေ့ထက်တိုင် ထမင်းစားပြီးချိန် ခဏနားတိုင်း နာကျင်ကိုက်ခဲသော ဝေဒနာသည် တိုးဝင်လာစမြဲဖြစ်သည်။

ထိုင်ဝမ်သင်္ကြန်

Image
ဒီနေ့(၁၀.၄.၂၀၁၁) ထိုင်ဝမ်နိုင်ငံ မြန်မာသင်္ကြန်ပွဲကို မြန်မာဈေးဆိုင်ခန်းများရှိတဲ့ မြန်မာတန်းမှာ ကျင်းပပါခဲ့တယ်။ မနက်စောစော မနက်စာ သွားဝယ်ရင်း သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နေတာကို တွေ့ခဲ့ရတာနဲ့ ပုံတချို့ ရိုက်ဖြစ်ခဲ့ပါတယ်။ စတိတ်စင် ရေပန်းများတပ်ဆင်ထားပုံ မနက်၉နာရီ လောက်မှာ မြန်မာသင်္ကြန်ပွဲကိုစတင်ပါတယ်။ ဒါနဲ့ ကင်မရာယူပြီး နောက်တခေါက်သွားရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကို နိင်ငံရပ်ခြားရောက်နေကြတဲ့ စာဖတ်သူမိတ်ဆွေများနဲ့ ဘလော့ဂါမောင်နှမများ မြန်မာပြည်သင်္ကြန် အလွမ်းပြေ ကြည့်နိင်ဖို့ တင်ပေးလိုက်ပါတယ်။ မြန်မာသင်္ကြန်ပွဲတော်မုဒ်ဦးဝ ရေသပ္ပါယ်နေကြစဉ် ဘုန်ဘုန်းများက လက်ဖွဲ့ပရိတ်ကြိုးပေးနေစဉ် ယာယီဆောက်ထားသော မြန်မာ့ဓလေ့ရိုးရာ ပြခန်းများ မြန်မာ့အတာသင်္ကြန် ပိတောက်ပန်းအတုလေးတွေနဲ့ အလှဆင်ထားကြတယ်။ု ယဉ်ကျေးမှုဝတ်စုံများကို ခင်းကျင်းပြသထားပုံ မြန်မာရိုးရာ တူရိယာ အသေးစားလေးများ မြန်မာ့စောင်း အနီနဲ့အပြာ အလံလေးက ထိုင်ဝမ်နိုင်ငံအလံပါ။ မြန်မာနိင်ငံအလံနဲ့ တော်တော်လေးတူပါတယ်။ Taipei ခရိုင်မှူးကလည်း မြန်မာသင်္ကြန်ပွဲတော်ကိုပျော်ပျော်ရွှင်ရွှင် ပါဝင်စဉ်နွဲနေပ

မေမေ့ရဲ့ ယုန်ကလေး

Image
၁။ ဒေါ်ခင် တစ်ယောက် ပန်းပင်တွေရေလောင်းရင်း အိမ်ထဲမှ ပိုက်ဆံအိတ်လေး ရမ်းကာရမ်းကာဖြင့် ထွက်လာသည့် သမီးလေး ဝတ်ရည်ကို မြင်လိုက်ရသည်။ “ သမီး...ဒါက ဘယ်ကိုတုန်း” “သင်တန်းလေ မေမေရဲ့” “သင်တန်းက မနေ့က သွားတယ် မဟုတ်လား” “မနေ့က တက်တာက စကားပြော သင်တန်း မေမေရဲ့။ ဒီနေ့က ကွန်ပြူတာ သင်တန်းလေ” “မနေ့က စကားပြော သင်တန်း။ ဒီနေ့က ကွန်ပြူတာ။ မနက်ဖြန်ကြတော့ ဘာအကြောင်းပြအုံးမလဲ ။ သမီးနော်...ဆယ်တန်းဖြေပြီးထဲက အကြောင်းပြချက် မျိုးစုံနဲ့ အပြင်ကို သွားနေတယ်။မိန်းကလေး တန်မဲ့ လမ်းများတာ မေမေ မကြိုက်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ။” “မေမေကလဲ ..သမီးကိုဆို တွေ့တာနဲ့ ဆူနေတာပဲ ။ အဲဒါတွေကြောင့် စိတ်ညစ်တာ။ ” “အမလေးတော်...ဒါလေးပြောတာနဲ့ စိတ်ညစ်ရတယ်ရှိသေး။လမ်းများပြီး ..ညည်း ဒုက္ခရောက်မှာ စိုးလို့ပြောနေတာလေ။” “တော်ပြီ မေမေရာ ..နောက်ကျနေပြီ။ သွားတော့မယ် နောက်မှဆက်ပြောတော့နော်။ ” ပြောပြောဆိုဆိုဖြင့် ထွက်သွားသော သမီးငယ် ဝတ်ရည်ကိုကြည့်ကာ ဒေါ်ခင်တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ဖတဆိုးလေး ဖြစ်ခဲ့လို့ ငယ်စဉ်ကတည်းက အလိုလိုက်ပြီး ရိုက်နှက် ဆုံးမခဲ့ခြင်း မရှိဖူးတာကြောင့် သမီးဖြစ်သူမှာ ဒေါ်ခင်ကို ကြောက်ရကေ

ဆန်းသစ်နေဆဲရင်ခုန်သံ

Image
ဒီနေ့မနက်ခင်း၏ အလှအပတရားတို့သည် အရင်နေ့တွေထက် ပိုလှပနေသလားလို့ စိတ်တွင် ထင်မိသည်။ သူတက်ကြွနေတာကြောင့် ဖြစ်မည်။ သန့်ရှင်းလတ်ဆက်သောလေတို့ကို အားပါးတရရှူသွင်းလိုက်သည်။ သာယာဖြေးညင်းသော လေပြေတစ်ချို့က သူမျက်နှာကို တိုက်ခတ်ဝင်ရောက်ကာ ဆော့ကစားသွားကြသည်။ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ရင်းနှီးပြီးသားဖြစ်သော ဘေးပါတ်ဝန်ကျင်ကို ဟိုဟိုဒီဒီ လျှောက်ကြည့်မိသည်။ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော လူတစ်ချို့ကရော ဘာတွေများ ထူးခြားနေသလဲလို့ လိုက်ကြည့်နေမိ၏ ။ မနက်စောစောထဖို့ ညကတည်းက သူကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တစ်အိမ်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကြနေချိန် သူ တစ်ယောက်ထည်း အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် မနက်မိုးလင်းသွားခဲ့သည်။ အိပ်ရေးကောင်းကောင်း မဝသော်လည်း ခေါင်းတို့က ကြည်လင်လန်းဆန်းနေသည်။ ကုတင်ဘေးက စာပွဲတင် နာရီကိုကြည့်လိုက်တော့ မနက်၅နာရီ ခွဲပြီ။ ဒီနေ့ကို မမေ့ဖို့ သူအတော် သတိထားနေခဲ့သည်မှာ လွန်ခဲ့သည့် တစ်ပါတ်လောက်ကတည်း ဖြစ်မည် ထင်သည်။ စိတ်ကူးထဲတွင် တွေးပြီး ကျိတ်ကာ အစီစဉ်များ ရေးဆွဲနေမိ၏ ။ အိန္ဒြရရ ဟန်ဆောင်ထားခဲ့သမျှ ဒီနေ့တော့ အကောင်အထည် ဖော်နိုင်ပြီ မဟုတ်လား။ အဝတ်အစားသစ်များကို ရွေး

ရှင်သန်ခြင်းစက်ဝိုင်း

"ထတော့လေဟာ.. ဘယ်အချိန်ရှိနေပြီလဲ။ " စကားသံနှင့်အတူ လှုပ်နှိုးခံလိုက်ရတာကြောင့် မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်သည်နှင့် ကျွန်မ၏ အချစ်ဆုံး သူငယ်ချင်းလေးကို တွေ့လိုက်ရသည်။ သူမကို တွေ့မှ ကျွန်မတို့ ဒီနေ့ချိန်းဆိုထားတာကို သတိရမိတော့သည် ။ ဒီနေ့သည် သူမ မွေးနေ့ ဖြစ်၏ ။ မနေ့ကတည်းက စောစောထဖို့ ပြောထားသည်ကို ကျွန်မ မေ့လျော့သွားမိကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ "ဟက်ပီးဘက်ဒေး သူငယ်ချင်း" "ကဲပါ ထ..ထ နောက်မှာ ဘက်ဒေးတော့" ဆောင်းမနက်ခင်းမှာ အိပ်ရာထဲတွင် နှပ်ရသည်မှာ ဇိမ်အရှိဆုံး ဖြစ်သော်လည်း မွေးနေ့ရှင် ကိုယ်တိုင် လာနိုး၍ ကျွန်မ မထချင် ထချင်နှင့် ထလိုက်ရသည်။ ရေချိုးခန်းဝင်ကာ မျက်နှာ သန့်စင်နေစဉ် ဒီနေ့ သူမ မွေးနေ့အတွက် လုပ်မည့်အစီစဉ်များကို တတွတ်တွတ်ရွတ်ကာ ကျွန်မ နောက်က လျှောက်လိုက်နေတော့သည် ။ ပထမဦးစွာ ဈေးထဲတွင် မနက်စာ မုန့်သွားစားကြမည် ။ မုန့်စားပြီးသည်နှင့် မွေးနေ့ အတွက် ကုသိုလ်ကောင်းမှု လုပ်သည့်အနေနှင့် ငှက်သွားလွှတ်ကြမည်။ ကျွန်မတို့ ယခုရောက်ရှိနေသည့် နိင်ငံရပ်ခြားတွင် မြန်မာပြည်လို မဟုတ်ပဲ မွေးနေ့တွင် ငှက်ဝယ်ပြီး လွှတ်ပေးကြသည်မှာ မရှိသလောက် ရှားပါးမည် ထ